အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ

344 52 0
                                    

Unicode

လင်းချင်းယင်သည် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အတိအကျပြောသည်ကို ကြားတော့ ဦးလေးနှင့် အဒေါ်များသာမက ကျန်းဝေသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။


"ဆရာ ပြောတဲ့ အဓိပ္ပာယ်က ကျွန်တော့်မိသားစုရဲ့ ပြိုလဲမှုက ကျွန်တော်နဲ့ သက်ဆိုင်နေတာလား။ ကျွန်တော်သေရင် မိသားစုကို ကယ်တင်လို့ရနိုင်မှာလား"


"ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားလဲ"


ထိုစကားကို ကြားပြီးနောက် အန်တီလီသည် သူ့ကို ရိုက်လိုက်ပြီး အပြုံးကို ဖျစ်ညှစ်ထုတ်လိုက်ပြီး လင်းချင်းယင်အား ပြောလိုက်သည်။


"ဆရာသခင်၊ သူ့စကားတွေကို နားမထောင်ပါနဲ့။ မင်းလို ဆရာတစ်ယောက်မှာ အဖြေရှိရမယ် ဆိုတာ အန်တီ သိတယ်။ မင်းက သူ့ကို အကြံဉာဏ်‌လေး ပေးပါဦး"


လင်းချင်းယင်က


"ကျန်းဝေရဲ့ဘဝက အရမ်းကောင်းပါတယ်။ အဲဒါက အကြောင်းတစ်ခုခု ရှိရမယ်။ သူ့ဘဝမှာ အလှည့်အပြောင်းတွေ မရှိသင့်ဘူး။ အခုလက်ရှိ အခြေအနေမှာ ဒီလိုမျိုးဖြစ်နေတာက အမှောင်ထဲမှာ တစ်ယောက်ယောက်က သူ့လက်တွေကို ရွှေ့ထားလို့ပဲ။ ဖြစ်ပျက်ခဲ့တဲ့ နေရာမှန်ကို ရှာတွေ့မှသာလျှင် သူ့အတွက် ကျွန်မ ဖော်ထုတ်ပေးနိုင်မယ်"


ကျန်းဝေသည် လင်းချင်းယင်၏ စကားများကို လျင်မြန်စွာ တွေးလိုက်သည်။ မိန်းမငယ်လေးပြောသည့် စကားများသည် အလွန်တိကျသော်လည်း သူ့မိသားစု၏ ကိစ္စများသည် ဤနယ်ပယ်တွင် လျှို့ဝှက်ချက် မဟုတ်ပေ။ သူ(မ)က ထိုအကြောင်းကို ကြိုတင်ပြီး ကြည့်ထားတာ ဟုတ်မဟုတ်ဆိုသည်ကို သူ မပြောနိုင်ပါ။ သို့သော်လည်း သူတို့မိသားစုရဲ့  လက်ရှိအခြေအနေအရတော့ ဆုံးရှုံးစရာ ဘာမှမရှိ‌တော့ဘူး။ အလိမ်ခံရရင်တောင် သူတို့ရဲ့ အခြေအနေက ပိုဆိုးလာမှာ မဟုတ်ဘူး။


ကျန်းဝေသည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ဤကမ္ဘာပေါ်တွင် အလကားရသည့် နေ့လယ်စာဆိုတာ မရှိသည်ကို သူ သိ၏။ ယွမ် ၁၀၀၀ သည် အစောပိုင်းတွင် သူ၏ကံကြမ္မာကို ဖတ်ရန်သာ ဖြစ်သည်။ သူတို့၏ ကံဆိုးမှုကို ချေဖျက်ရန် အပို အခကြေးငွေ ပေးဆောင်ရပါမည်။ အရင်တုန်းက သူတို့မိသားစုသည် ချမ်းသာသောကြောင့် ယွမ်ငွေ ၁ သန်းကို မျက်တောင်မခတ်ဘဲ ထုတ်ယူနိုင်ခဲ့ပေမဲ့ ယခုအချိန်တွင် ယွမ် ၁၀,၀၀၀ ကို ထုတ်ယူဖို့တောင် သူ့အတွက် ခက်ခဲလှသည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now