အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း

324 52 0
                                    

Unicode


ကျန်းကျန်ကောသည် မူးဝေသလို ခံစားလာရပြီး၊ သူ၏မျက်နှာသည် အရင်ကထက် ဖြူဖျော့လာ၏။ ဖက်တီးဝမ်သည် ထိတ်လန့်တကြားဖြင့် သူ၏လက်ကို ဆန့်တန်းပြီး သူ့(ကျန်းကျန်ကော)အား အရိပ်ရသစ်ပင်အောက်သို့ ဆွဲခေါ်လိုက်သည်။ ထို့နောက် တုန်လှုပ်စွာဖြင့် ပြောလိုက်၏ :

"ဦးလေး၊ ဦးလေးက ဒီကို ‌ဗေဒင် မေးဖို့လာတာကို အားနည်း‌နေလို့ မရဘူးလေ။ ကျွန်တော်တို့  ဦးလေးကို ကုမပေးနိုင်ဘူး!"

ကျန်းကျန်ကောသည် ပြင်းထန်စွာ အသက်ရှုကြပ်လာသော်လည်း ကျောက်တုံးကြီးပေါ်တွင် ထိုင်လိုက်၏။ သူသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသောအခါ၊ သူက ထိတ်လန့်တကြားဖြင့် သူ၏အိတ်ထဲမှ ပိုက်ဆံ လက်တစ်ဆုပ်စာကို ထုတ်လိုက်ကာ ရေတွက်မနေတော့ဘဲ လင်းချင်းယင်၏လက်ထဲသို့ ထည့်ပေးလိုက်သည် :

"ဆရာသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်မိသားစုကို ကူညီ‌ပေးပါ"

ဒါကိုမြင်သည်နှင့် ဖက်တီးဝမ်သည် သူ၏လက်ကို လျင်မြန်စွာ ဆန့်တန်းပြီး၊ လင်းချင်းယင်အား ပြန်ကြည့်လိုက်သည်။ ဖက်တီးဝမ်သည် လင်းချင်းယင်၏ အဓိပ္ပာယ်ကို တစ်စက္ကန့်အတွင်း နားလည်သွား၏။

သူသည် ပိုက်ဆံကိုယူပြီး ယွမ် ၁၀၀၀ ကို ရေတွက်ကာ သိမ်းထားလိုက်သည်။ ထို့‌နောက် ကျန်ရှိ‌သော ပိုက်ဆံများကို ပြန်ပေးလိုက်သည် :

"ဒီ ၁၀၀၀ ယွမ်က ဗေဒင်ဟောပေးဖို့အတွက်ပါ။ ကျန်တာကို အခြေအနေအရ တွက်ချက်ရမယ်"

လင်းချင်းယင်သည် ဖက်တီးဝမ်ကို ထောက်ခံမှုဖြင့် တစ်ချက်လိုက်သည်။ ဒီကောင်က အရမ်း ဉာဏ်ကောင်းလွန်းတယ်!

ကျန်း‌ကျန်ကောလည်း ဒီပိုက်ဆံ နည်းနည်းလေး‌ဖြင့် အရာအားလုံး မဖြေရှင်းနိုင်သည်ကို သိ၏။ သူသည် ဖက်တီးဝမ်မှ ပြန်ပေးလာသော ပိုက်ဆံများကို ပြန်ယူလိုက်ပြီး ဆုံးရှုံးသွားသလို ခံစားလိုက်သည် :

"ဆရာသခင်၊ ကျွန်‌တော့်မိသားစု ဘာဖြစ်နေလဲဆိုတာ ပြောပြပေးနိုင်မလား"

"ရှင်တကယ်မသိဘူးလား?" လင်းချင်းယင် ၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးသွားပြီး ထေ့ငေါ့ငေါ့နှင့်ပြောလိုက်သည် :

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Wo Geschichten leben. Entdecke jetzt