အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ

339 58 0
                                    

Unicode


လင်းချင်းယင်သည် သူ(မ)၏ ကျူရှင်ဆရာ ကျန်းဝေ ကို အလွန် ကျေနပ်နေမိသည်။ ထိုသို့သော ဆရာကောင်းတစ်ဦးက သူ(မ)အား သင်ကြားပေးခြင်းဖြင့် သူ(မ)၏လေ့လာမှုနှုန်းသည် ကိုယ်တိုင်လေ့လာခြင်းထက် ပိုမို မြန်ဆန်လာမည်။ သူ(မ) နားမလည်နိုင်သော အရာများက ရုတ်တရက် ရှင်းလင်းလာသည်။ အရေးကြီးဆုံးအချက်မှာ ထိုကျူရှင်ဆရာသည် အခမဲ့သင်‌ပေးမှာဖြစ်ပြီး သူ(မ)၏ နေ့လည်စာကိုလည်း ကျွေးမွေးဦးမည်။

ရှေးဖြစ်ဟောဂိုဏ်း၏ အကြီးအကဲဟောင်း တစ်ယောက် ဖြစ်ခဲ့သော၊ လင်းချင်ယင်သည် သူ(မ) မျက်နှာပျက်သွားသလိုမျိုး မခံစားရပေ။ သူ(မ)က မျက်နှာမဟုတ်ဘဲ ပိုက်ဆံပဲ လိုချင်၏!!

ကျန်းဝေသည် Wonton ဆိုင်ကို ရောက်သောအခါ လင်းချင်းယင်က မနက်စာအတွက် စားပွဲဝိုင်း တစ်ဝိုင်းစာကို မှာထားပြီးဖြစ်လျက်။ ဤဆိုင်တွင် ရွေးချယ်စရာ အများကြီးရှိ၏။ အမျိုးမျိုးသော ဖြည့်စွက်စာများအပြင် ဖက်ထုပ်ကြော်၊ ကိတ်မုန့်ကြော်၊ မုန့်ပေါင်းနှင့် အရံဟင်းမျိုးစုံလည်း ရှိသေးသည်။

ထူးခြားလှသော မီနူးကို ကြည့်နေရင်း၊ လင်းချင်းယင် သည် အိမ်ရှိ သေစေနိုင်လောက်သော ခေါက်ဆွဲကို ရုတ်တရက် သတိရသွားသည်။ သူ(မ)သည် မထိန်းနိုင်ဘဲ မျက်ရည်များ ဝဲလာမိသည်။

သူ(မ)က ဟင်းချက်နည်းကို သင်ယူရန် အခွင့်အလမ်းတစ်ခု‌လောက် ရှာသင့်တယ်လို့ ထင်ခဲ့သည်။ သို့မဟုတ်လျှင် သူ(မ)အမေ၏ ချက်ပြုတ်နည်းကြောင့် မကြာခင် သို့မဟုတ် နောက်ပိုင်းတွင် သူ(မ) သေဆုံးသွားလိမ့်မည်။

များပြားလှသော နံနက်စာကို စားပြီးနောက်၊ လင်းချင်းယင်က အလွန် ပျော်ရွှင်နေခဲ့သည်။ သူ(မ)သည် တစ်မနက်တည်းမှာပင် ယွမ် ၁၀,၀၀၀ ကို လွယ်လွယ်ကူကူ ရရှိခဲ့၏။

ထို့အပြင် သူ(မ)သည် အရသာရှိသော အစားအစာများစွာကို စားခဲ့ပြီးပြီ။ ၎င်းသည် ဝိညာဉ်စွမ်းအင်မရှိခြင်းနှင့် ဆရာများက အိမ်စာအများကြီး ပေးခြင်းထက် ဤကမ္ဘာတွင် အမှားအယွင်းမရှိဟု ဆိုနိုင်၏။

မနက်စာစားပြီးနောက် ကျန်း‌ဝေသည် လင်းချင်းယင်ကို စာသင်‌ပေးရန် ထွက်ခွာသွားသည်။ သူတို့နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်ကိုမြင်သော ဖက်တီးဝမ်က သေးငယ်သော ခြေလှမ်းများဖြင့် လျင်မြန်စွာ လိုက်လာ၏ -

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now