အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား

331 55 0
                                    

Unicode

အဖေကျန်းသည် အသံကြားသောအခါ အခန်းထဲမှ ချက်ချင်းထွက်လာပြီး၊ ကျန်းဝေက သူစိမ်းနှစ်ယောက်ကို အထဲသို့  ဦးဆောင်ခေါ်လာတာကို တွေ့သည်နှင့် မျက်မှောင်ကြုတ်သွားသည်။


သူလည်း ဗေဒင် မေးခြင်း၊ ဖုန်းရွှေ ဖတ်ခြင်း‌တွေကို အရင်ကလည်း ကြိုးစားခဲ့ဖူးသည်။ ကုမ္ပဏီတစ်ခု ဖွင့်လှစ်ခြင်း သို့မဟုတ် စက်ရုံ တည်ဆောက်မည့်နေရာနှင့် ပတ်သက်သည်ဖြစ်စေ လူတိုင်းသည် ၎င်းတို့အတွက် ကံကောင်း‌စေရန် မင်္ဂလာရှိမည့်ရက်ကို တွက်ချက်ရန် ဆရာသခင်အချို့ကို ခေါ်ကြသည်။


သူသည် တစ်စုံတစ်‌ယောက်ကို သူ၏ရုံးခန်းတွင် ကံကောင်းသည့် အခင်းအကျင်းကို ထားခွင့်ပြု့ခဲ့သည်။ အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ လက်သီးကန်သည် မျက်စိကို အလွန်ဖမ်းစားနိုင်သည် ။ (T/N: ဒီနောက်ဆုံးနား ကိုယ်လည်းနားမလည်လို့ တည့်ပဲ ပြန်လိုက်ပါတယ်။ သူက the fist tank လို့ပြောထားတော့...)


သို့သော် အဖေကျန်းသည် အစမှ စတင်ခဲ့သည်။ သူသည် ထိုကဲ့သို့သော ကိစ္စများအတွက် ပိုက်ဆံနည်းနည်းလောက် သုံးထားပေမယ့် မယုံကြည်ပေ။ အစကတည်းကပင် သူသည် ဇွဲလုံ့လ ဝီရိယနှင့် ကြိုးစားအားထုတ်မှုမှ ငွေရသည်ဟု သူယုံကြည်ခဲ့သည်။ ထိုကဲ့သို့ ဗေဒင်ဟောခြင်း သို့မဟုတ် ဖုန်းရွှေဖတ်ခြင်းသာ အလုပ်ဖြစ်လျှင် သူ၏အသက်မွေး ဝမ်းကြောင်းအလုပ်သည် ပြိုလဲ ပျက်စီးလိမ့်မည် မဟုတ်ပေ။


သို့သော် ယခုအချိန်တွင် သူတို့၏မိသားစုသည် ယခုလိုမျိုး အဆုံးသတ်ခဲ့၏။ အဖေကျန်းသည် ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မဖြစ်စေချင်သလို သူ့သားကိုပါ မျက်နှာပျက်စေခဲ့သည်။ ဒါပေမယ့် အဖေကျန်းက သူ့စိတ်ထဲ၌ ဆုံးဖြတ်ခဲ့သည်။ သူသည် လက်ဖက်ရည် တချို့ဖြင့် ဧည့်ခံပြီး သူတို့ရဲ့ အခြေအနေများကို ပြောပြမည်။ သူတို့တွင် ပိုက်ဆံမရှိကြောင်း တစ်ဖက်သားကို အလေးပေးပြောနေသမျှ ဒီဗေဒင်ဆရာသည် သေချာပေါက် ထွက်သွားလိမ့်မည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now