အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး

362 52 1
                                    

Unicode

ဘောင်းဘီအိတ်ထဲက လင်းချင်းယင်ရဲ့ အိတ်ကပ်ဟာ နောက်ဆုံး ဖောင်းပွလာတဲ့အခါ၊ သူ(မ)ရဲ့ ခြေလှမ်းတွေက ပေါ့ပါးလာပြီး မျက်နှာပေါ်မှာတောင် ပျော်ရွှင်နေတဲ့ အပြုံး ရှိနေခဲ့တယ်။

သူမရဲ့ အရင်ဘဝက မသေမျိုးကမ္ဘာတွင်၊ များပြာလှတဲ့ ဂိုဏ်းတွေက သူတို့ရဲ့ စိတ်အာရုံတွေကို စင်ကြယ်အောင် ပြုလုပ်ဖို့ သေမျိုးကမ္ဘာသို့ သွားရန် သူတို့ရဲ့ တပည့်များကို လိုအပ်ကြသည်။

သို့သော် လင်းချင်းယင်သည် သူမ၏ ထူးချွန်သော အရည်အချင်းများကြောင့် ဂိုဏ်းထဲသို့ ဝင်ပြီးသည်နှင့် အဓိကတပည့် ဖြစ်လာခဲ့သည်။

ဗေဒင်ဟောလေ့ကျင့်ခြင်းအပြင် သူ(မ)သည် ကိန်းဂဏန်းဗေဒပညာကို လေ့လာခဲ့သည်။ သူ(မ)က ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲများ သို့မဟုတ် နှစ်သက်မှုများတွင် ကျွမ်းကျင်မှု မရှိခဲ့ဘူး။

ဒါပေမယ့် အဓိကတပည့်တွေကို နောက်ကျ မကျန်ခဲ့စေဖို့အတွက် ကျောင်းကထွက်ပြီး လေ့ကျင့်ခိုင်းကြသည်။

လင်းချင်းယင်သည် ဂိုဏ်းထဲသို့ဝင်သောအခါတွင် အသက် အရမ်းမကြီးသေးပင်။ ဂိုဏ်းထဲသို့ ဝင်ပြီးနောက် သူ(မ)က အခြားသူများနှင့် ဆက်ဆံပြောဆိုလေ့မရှိပေ။

သူ(မ)က ကိန်းဂဏန်းဗေဒပညာကို အာရုံစူးစိုက်လေ့လာပြီး အဓိက တပည့်များစွာကြားတွင် ထူးချွန်သောကြောင့် သူ(မ)အား အမွေစား အမွေခံတပည့်အဖြစ် လက်ခံခဲ့သည်။

နောက်ပိုင်းတွင် လင်းချင်းယင်သည် ရှေးဖြစ်ဟောသည့်ကျောင်း၏ ခေါင်းဆောင်ဖြစ်လာပြီး ကျောင်းရှိ ‌အရေးကိစ္စ အားလုံးကို သူမ၏တပည့်များထံ လွှဲပြောင်းပေးခဲ့သည်။

ဉာဏ်အလင်းရစေဖို့အတွက် သူ(မ)က ဂူထဲမှာ တံခါးပိတ် ‌ကျင့်ကျင်ခဲ့သည်။ လင်းချင်းယင်ထက် ပိုမိုမြင့်မားပြီး ထူးခြားသော လက္ခဏာရှိသူများသာ သူ(မ)၏ တံခါးဆီသို့ လာပြီး တန်ဖိုးကြီး လက်ဆောင်များဖြင့် ဗေဒင်ဟောရန် တောင်းဆိုနိုင်ကြသည်။

ထို့ကြောင့် ပြောရလျှင် သူ(မ)က ရိုးသားစွာ ၀င်ငွေ ရှာခဲ့တာဟာ သူ(မ) ဘဝနှစ်ခုလုံးတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ဒီငွေပမာဏဟာ သူ(မ)၏ အရင်ဘဝက ရရှိတဲ့ ငွေတွေနဲ့ နှိုင်းယှဉ်လို့ မရပေမယ့်၊ သူ(မ)က အရမ်း ကျေနပ်သွားခဲ့တယ်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now