အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း

343 63 0
                                    

Unicode


အစောတုန်းက ခင်ပွန်းဖြစ်သူ၏ ဒေါသထွက်နေသော စကားကို ပြန်သတိရကာ အမေကျန်းသည် လင်းချင်းယင်၏ လက်ထဲသို့ မက်မွန်သီး နောက်တစ်လုံးကို ရှက်ကိုးရှက်ကန်းဖြင့် ထည့်ပေးလိုက်သည်။

"ဆရာသခင်၊ သူ့ကို စိတ်မဆိုးပါနဲ့။ သူ့မှာ အမြင်မရှိဘူး။ သူပြန်လာရင် ဆရာ့ တံခါးရှေ့ကို လာပြီးတော့ ပြင်ခိုင်းလိုက်မယ်"

လင်းချင်းယင်သည် ချိုမြိန်ပြီး အရည်ရွှမ်းသော မက်မွန်သီးကို ကိုက်လိုက်ပြီး ဝမ်းသာအားရ ခေါင်းခါလိုက်ပြီး

"သူက ကျွန်မဆီကို လာပြီး ပြင်စရာမလိုပါဘူး။ ဒီအတိုင်း အိမ်စာသာ လုပ်ပေးပါ"

အမေကျန်းသည် လင်းချင်းယင်က စနောက်နေသလား၊ ဒေါသထွက်နေသလား မသိခဲ့ပေ။ သူ(မ)သည် အားနာစွာဖြင့် သဘောတူပြီး လင်းချင်းယင်၏ လိပ်စာကို ဂရုတစိုက် မေးခဲ့သည်။ သူ(မ)၏ခင်ပွန်း ပြန်လာတာကို စောင့်ရန် စီစဉ်ထားခဲ့သည်။ ထို့နောက် သူတို့ သုံးယောက်က သူ(မ)ကို ထပ်ပြီး ကျေးဇူးတင်ဖို့ အလည်သွားကြမည်။

ကျန်းမိသားစုမှ ထွက်လာပြီးနောက် လင်းချင်းယင်သည် ရပ်လိုက်ပြီး သူ(မ)နောက်သို့ လိုက်နေဆဲဖြစ်သော ဖက်တီးဝမ်ကို ကြည့်ကာ

"ရှင် ကျွန်မနောက်ကို ဒီအတိုင်း ဆက်လိုက်နေမှာလား"

"အာ?" ဖက်တီးဝမ်က သူ၏ခေါင်းကို ကုတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "မရဘူးလား"

"ရပါတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို ပိုက်ဆံတော့ မပေးဘူး"

လင်းချင်းယင်က ပွင့်လင်းစွာ ပြောလိုက်သည်။

"ကျွန်မက ဆင်းရဲတယ်။ ဒါကြောင့် ရှင် ကျွန်မ နောက်ကို လိုက်ရင်တောင် ရှင့်ကို ပိုက်ဆံမပေးနိုင်ဘူး"

ဖက်တီးဝမ်က ဒါကို ကြားတော့ ရုတ်တရက် ပြုံးလိုက်သည်။ သူသည် လင်းချင်းယင်ကို နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့ဖူးသည်။ ဤ ဆရာသခင်ငယ်‌လေးသည် သူ့ထက် မည်မျှဆင်းရဲသည်ကို မည်သူမျှ မသိကြပေ။ သူ(မ)၏ လက်ကိုင်ဖုန်းတောင် ဈေးအသက်သာဆုံးဖြစ်ခဲ့သည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now