အပိုင်း (၅.၁) ရဲအရာရှိငယ်လေး

355 52 0
                                    

Unicode

အသစ်ဝယ်ထားသော ဖုန်းတွင် အပလီကေးရှင်း များစွာရှိသည်။ လင်းချင်းယင်က ထိုအရာတွေကို တစ်ခုပြီးတစ်ခု စမ်းကြည့်ကာ အတော်ပင် ပျော်ရွှင်နေသည်။ သူ(မ)သည် သူ(မ) မှတ်ဉာဏ်ထဲရှိ ဖျင်းယင်း(PīnYīn) စာလုံးပေါင်းပုံ စည်းမျဉ်းတွေကို ပြန်သတိရလိုက်သည်။

အချိန်အတော်ကြာ ကလိပြီးနောက်၊ နောက်ဆုံးတွင် သူ(မ)သည် တရုတ်စာလုံးများကို ရိုက်နှိပ်ကာ ဖက်တီးဝမ်ထံသို့ ပထမဆုံး WeChat မက်ဆေ့ချ်ကို ပေးပို့ခဲ့သည် - ရှင် ပထဆုံး စာအုပ်ကို မှတ်မိအောင် လုပ်သင့်တယ်။

ဖက်တီးဝမ်သည် လေအေးပေးစက်‌ ဖွင့်ထားထားသော သူ့အခန်းထဲရှိ အိပ်ရာပေါ်တွင် လှဲလျောင်းကာ ဖုန်းဆော့နေသည်။ သူသည် ထိုစာကြောင်းကို မြင်လိုက်ရသောအခါ သူ့လက်များ တုန်ခါသွားသည်။

သူ့လက်ထဲရှိ ဖုန်းအသစ်စက်စက်က ချော်ထွက်ပြီး ဆူဖြိုးတဲ့ သူ့မျက်နှာပေါ်သို့ ပြုတ်ကျသွားသည်။ ဖက်တီးဝမ်သည် သူ့နှာခေါင်းကို အုပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထထိုင်ပြီးနောက် ငိုချင်ခဲ့သည်။ သူသာ ဉာဏ်ကောင်းခဲ့ရင် အဲဒီနှစ်မှာ တက္ကသိုလ်ဝင်ခွင့် ရနေလောက်ပြီ!

လင်းချင်းယင်သည် ဖက်တီးဝမ် ပေးပို့သည့် ချစ်ဖို့ကောင်းပြီး ရယ်စရာကောင်းသော emoticons(စတစ်ကာ)များကို ကြည့်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

ယခုတော့ သေမျိုးကမ္ဘာမှာ ဝိညာဉ်စွမ်းအင် နည်းပါးပြီး သူ(မ)အတွက် ကျင့်ကြံဖို့ ခက်ခဲသော်လည်း လူတိုင်းသည် ထက်မြက်ကြသည်။ မတူညီတဲ့ စိတ်ဝင်စားဖို့ကောင်းသော အရာတွေကို တီထွင်ခဲ့ကြတယ်။ အချို့သော အစားအစာများသည်လည်း အရမ်း အရသာရှိသည်။


ရုတ်တရက် တံခါးအပြင်ဘက်ကနေ သော့ဖွင့်သံကို ကြားလိုက်သည်။ လင်းချင်းယင်သည် သူ(မ)၏ လက်ကိုင်ဖုန်းကို ခေါင်းအုံးအောက်တွင် ထားလိုက်ကာ အခန်းတံခါးကို ဖွင့်လိုက်သည်။

ထို့နောက် ဟင်းသီးဟင်းရွက်အိတ်ကို ကိုင်ဆောင်လာသော အမျိုးသမီးကို 'အမေ' ဟုခေါ်လိုက်၏။

မူလပိုင်ရှင်၏ မိဘများနှင့် လင်းချင်းယင်၏ ယခင်ဘဝက မိဘများသည် အလွန်ဆင်တူကြသည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now