Jealous🤍

70 2 0
                                    

Jealous

"သဝန်မတိုဘူးလားကလေးတဲ့"

အဲ့ဒီစကားကိုကျွန်မရဲ့ကောင်မလေးက မကြာခဏမေးလေ့ရှိတယ်။အဲ့ဒီစကားကြားရတိုင်း ကျွန်မငိုချင်တယ်။

ကျွန်မကိုသဝန်တိုအောင်လုပ်ပြီးစမ်းသပ်တတ်တဲ့ကောင်မလေးကြောင့်ငိုရတတ်‌တာမကြာခဏပဲ။

ကျွန်မရှင့်ကိုသဝန်တိုတာပေါ့။ကျွန်မ မဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့ရှင်ပတ်သက်ပြီး တစ်ခုခုပြောင်းလဲသွားမှာကိုရူးခါနေအောင်စိုးရိမ်တာပေါ့။ဒါပေမယ့် ကျွန်မသဝန်မတိုရက်ဘူး။ရှင့်ကိုစိတ်ညစ်စရာတွေပေးတဲ့သူက ကျွန်မ မဖြစ်ချင်လို့.......။

ဒါပေမယ့် ကျွန်မသဝန်တိုတာကိုလိုချင်ပါတယ်လို့ရှင်တောင်းဆိုရင် အရူးတစ်ယောက်လိုကိုသဝန်တိုကြောင်းပြသမိမှာပါ။

ကျွန်မရဲ့စိတ်ရင်းအမှန်က ရှင့်ကိုထားစရာနေရာမရှိအောင်ကိုသဝန်တိုတာသိရဲ့လား။

ရှင့်ကိုသဝန်တိုဂျီကျနေလို့ ရှင်စိတ်ညစ်ရမယ်ဆိုရင် ကျွန်မရဲ့ခံစားချက်တွေကိုမြိုသိပ်ထားမှာဖြစ်ပြီး ကျွန်မသဝန်တိုနေတာကိုမြင်ရမှ ရှင်ပျော်ရွှင်နိုင်မယ်ဆိုရင်လည်း ရူးခါနေအောင်ကိုသဝန်တိုကြောင်းပြသမိမှာပါ။

ဘာပဲဖြစ်ဖြစ်ရှင့်ကိုချစ်တယ်။ရှင်ကကျွန်မတစ်ယောက်ထဲရဲ့ပိုင်ဆိုင်မှုပဲ။စိတ်ထဲရှိသမျှပြောရရင် ရှင့်ကိုစိတ်မချရလွန်းလို့ရူးနေပြီသိရဲ့လား ကောင်မလေး။

တကယ်လို့ကျွန်မရဲ့သဝန်တိုမှုတွေ ကြောင့်ရှင်စိတ်ညစ်ရမယ်ဆိုရင်ကျွန်မရဲ့ခံစားချက်တွေကိုဘယ်တော့မှထုတ်ပြမှာမဟုတ်ဘူး။

ကျွန်မရဲ့နှလုံးခုန်ရပ်သွားသည်အထိနာကျင်နေရမယ်ဆိုရင်တောင် ရှင်ပျော်မယ်ဆိုအရာရာကိုကြည်ဖြူမယ့်သူပါ။

Avery Yint Han

To My GirlfriendWhere stories live. Discover now