Chapter 1 (U+Z)

8.4K 110 0
                                    

(Unicode)

Chapter 1

မှောင်မိုက်လွန်းသည့် ညတစ်ည။

လကွယ်ညမို့ လရောင်ကလည်းမရှိ။ တိမ်မီးခိုးများ အုံ့ဆိုင်းနေ၍ ကြယ်များလည်း မလင်းလက်နိုင်။ ကောင်းကင်ပြင်သည် မဟူရာသက်သက်။

ဆင်ခြေဖုံးရပ်ကွက်လေးသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ လူစည်ကားရာ မြို့လယ်ခေါင်နှင့် အလှမ်းဝေးသော အရပ်ဒေသမို့ ညဆယ်နာရီလောက်ဆိုလျှင် လူခြေတိတ်နေတတ်ပြီ။ ကိုယ့်ခြံကိုယ့်ဝန်းများနှင့် သီးသန့်နေကြသော အိမ်ကလေးများအနက် မီးလင်းနေသည့်အိမ်က တစ်လုံးစ နှစ်လုံးစသာ။ ကျန်အိမ်လေးများက နှစ်ခြိုက်စွာ အိပ်မောကျနေကြပြီ။

ထိုသို့သော ရပ်ကွက်အတွင်းမှ လမ်းသွယ်လေးတစ်လမ်း။ ဓာတ်တိုင်မရှိသည့် ထိုလမ်းလေး၏ တည်ရှိနေပုံက လမ်း၏ တစ်ဖက်ခြမ်းတွင်သာ လူနေအိမ်ခြေများရှိသည်။ ကျန်တစ်ဖက်က ကွင်းပြင်ကြီး။ ထိုကွင်းပြင်သည် တစ်ချိန်က ရပ်ကွက်ဘောလုံးကွင်း ဖြစ်ခဲ့သော်လည်း အခုတော့ ဘယ်ကလေးမှ လာမကစားကြတော့သဖြင့် မြက်ရိုင်းပင်များ၊ ချုံနွယ်များနှင့် တောထနေတော့သည်။

သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုမြက်တောကြီး၏အစပ်တွင် သစ်ပင်ကြီးတစ်ပင်၏ အရိပ်ကိုခိုပြီး အမှောင်ထဲတွင် ငြိမ်သက်စွာရပ်နေသည့် မိန်းကလေးတစ်ဦးကို မြင်နိုင်လိမ့်မည်။

ထိုမိန်းကလေး၏ အမည်က 'ချယ်'။ လျှို့ဝှက်နာမည်က CL2။

ချယ် သို့မဟုတ် CL2 ဆိုသည့် မိန်းကလေးသည် သစ်ပင်ပင်စည်ကိုမှီကာ ကနွဲ့ကလျလေး ရပ်နေသည်။ သူမ၏ ဝတ်စားဆင်ယင်ထားပုံကိုလည်း ကြည့်ပါဦး။

သပ်ရပ်လှပစွာ ကောက်ထားသည့် ကျောလယ်ခန့် အနက်ရောင် လှိုင်းတွန့်ဆံပင်များကို တမင် မပွပွအောင်ဖွပြီး ဖားလျားချထားသည်။ နှုတ်ခမ်းနီကလည်း နီရဲနေသည်ဆိုတာထက်တောင် ပိုသေးသည်။

အသားကပ်ဘောင်းဘီ ပါးပါးလေးတစ်ထည်ခံပြီး ဝတ်ထားသော်လည်း အနက်ရောင် သားရေစကပ်လေးက တိုလွန်းလှသည်။ ခြေလှမ်းကျဲကျဲ လျှောက်မိလျှင်တောင် တင်ပါးလုံအောင် ဖုံးနိုင်မှာမဟုတ်။ အပေါ်က ကြိုးတစ်ချောင်းအင်္ကျီ အညိုရင့်ရောင်ကလည်း တင်းရင်းလုံးကြွနေသည့် အလှတရားတို့ကို လုံအောင်မဖုံးနိုင်။ တစ်ဝက်ခန့် ပေါ်နေသည်။ သူမလေး၏ ပခုံးထက်တွင်တော့ အနက်ရောင် သားရေဂျာကင်တစ်ထည်ကို မဝတ်ဘဲ ခြုံရုံသာခြုံထားသည်။

'Crystal Light'Hikayelerin yaşadığı yer. Şimdi keşfedin