Chapter 9 (U+Z)

1.2K 47 0
                                    

(Unicode)

Chapter 9

ကျယ်လောင်လွန်းသည့် သီချင်းသံကို ချယ် နားကြားပြင်းကတ်နေသည်။ မြူးထူးကခုန်နေကြသည့် လူများကိုလည်း ကြည့်မရ။ ဘာတွေများ အဲ့လောက် ပျော်စရာရှိနေလို့ အရမ်းတွေ အူမြူးပျော်ရွှင်နေကြတာလဲ။

သန့်စင်ခန်းမှ ကိုယ်လုံးပေါ်မှန်ထဲတွင် သူမကိုယ်သူမ သေချာပြန်ကြည့်လိုက်သည်။

ဒီညအလုပ်အတွက် ချယ် အပီအပြင် ရုပ်ဖျက်လာသည်။ ပင်ကိုဆံပင် အနက်ရောင်ကိုအုပ်ပြီး အညိုဖျော့ရောင် ဆံပင်တု စွပ်ထားသည်။ မျက်ကပ်မှန်လည်း တပ်ထားသည်။ နှုတ်ခမ်းနီကို ခရမ်းရောင်ရင့်ရင့် ဆိုးထားသည်။ အဝတ်အစားကလည်း ပုံမှန်အချိန်ဆိုလျှင် သူမ ဝတ်လေ့မရှိသည့် ကြိုးတစ်ချောင်း ဂါဝန်တိုလေး။ ဒေါက်ဖိနပ်ကလည်း လေးလက်မလောက် ရှိသည်။

နှုတ်ခမ်းနီ အရောင်နည်းနည်း ပြန်တင်ပြီးနောက် သန့်စင်ခန်းထဲမှ ထွက်ခဲ့သည်။ အပြင်ရောက်တာနှင့် Moon's Club ၏ မျက်စိနောက်စရာ၊ နားငြီးစရာများက စောင့်ကြိုနေတော့သည်။

ဒီကလပ်သို့ သူမ ညတိုင်းလာဖြစ်နေသည်မှာ လေးရက်ရှိခဲ့ပြီ။ အလုပ်ကိစ္စနှင့်မို့လို့သာ လာနေရသည်။ ဒီလို လူများသည့် နေရာများကို သူမ မကြိုက်။

စိတ်ထဲက ကြိုက်တာ မကြိုက်တာ အသာထား၊ ဟန်ဆောင်သည့် နေရာတွင်တော့ သူမ တကယ်ကျွမ်းပါသည်။ တစ်ခဏချင်းမှာပင် အချင်းချင်း တိုးဝှေ့ပွတ်တိုက် ကခုန်နေကြသည့် လူများကြားထဲ ရောက်သွားသည်။

သူမ ပစ်မှတ်ထားသည့်လူ အနားသို့ရောက်အောင် မသိမသာ ဖြည်းဖြည်းချင်း နေရာရွှေ့လာခဲ့သည်။ နောက်တစ်ဆင့်က ထိုသူ သူမကို သတိထားမိအောင်လုပ်ဖို့။ ထိုသူဆိုသည်က မင်းထက်ဉာဏ်။ ကျားသစ်နှစ်ကောင်ဂိုဏ်းက မင်းထက်ဉာဏ်။

မင်းထက်ဉာဏ် ဒီကလပ်သို့ မကြာခဏ လာတတ်သည်ဆိုတာလည်း ခွန်းဆက်မင်းလွင်ဆီကပဲ သိခဲ့ရသည်။ မင်းထက်ဉာဏ် ဘယ်သွားတတ်တယ်၊ ဘယ်လာတတ်တယ်ဆိုတာ ရှင်ဘယ်လိုသိလဲလို့ မေးမိတော့ ငါ့မှာ စပိုင်လုပ်ခိုင်းစရာ မင်းတစ်ယောက်ပဲရှိတယ် ထင်နေတာလားလို့က ပြောသွားသေးသည်။ အမြင်ကတ်လိုက်တာ။

'Crystal Light'Where stories live. Discover now