Chapter 22 (U+Z)

1.2K 53 2
                                    

(Unicode)

Chapter 22

"ဘယ်က လူယုတ်မာလဲ။ ငါမဟုတ်တာတော့ သေချာပါတယ်နော်"

"ရှင်သာဟုတ်ရင် ခုနကတည်းက ရှင့်ရင်ဘတ်ထဲ ကျည်ဆန်နှစ်တောင့်လောက် ဝင်ပြီးနေပြီ။ ဦးမိုးမြင့်မောင်ဆိုတဲ့လူကို ရှင်သိလား"

"သိတယ်လေ။ သတို့သမီးရဲ့ ဦးလေးပဲ"

"အဲ့လူ ဘာအလုပ် လုပ်တယ်ဆိုတာရော သိလား"

"သိသားပဲ။ မူးယစ်ဆေး မှောင်ခိုလုပ်တာလေ"

"အဲဒါပဲလား။ ပြီးတော့ရော"

"အင်း၊ လူကုန်ကူးတယ်လို့တော့ ကြားဖူးသလိုလိုပဲ"

ချယ်က သူ့ကို မယုံနိုင်သည့် မျက်လုံးများနှင့်ကြည့်ကာ သူ့ရင်ဘတ်ကို ဖုန်းခနဲထုသည်။

"ဟ၊ ဘာလုပ်တာတုန်းဟ"

"အဲဒီလူ လူကုန်ကူးတဲ့အလုပ် လုပ်နေတယ်ဆိုတာ သိရဲ့သားနဲ့ ရှင် ဒီတိုင်းပဲ ကြည့်နေရသလား"

"ကြည့်မနေလို့ ငါက ဘာသွားလုပ်နေရမှာပဲ။ သူ လူကုန်ကူးတယ်ဆိုတာလည်း တစ်စွန်းတစ်စ ကြားဖူးရုံပဲရှိတာ။ လက်ဆုပ်လက်ကိုင် မိဖူးတာမှ မဟုတ်ဘဲ။ ငါနဲ့လည်း အလုပ်အကိုင်ချင်း ဆက်စပ်နေတာ မဟုတ်ဘူး။ သူ့အကြောင်း အကုန်လုံးတော့ ငါမသိနိုင်ဘူးလေ။ သိတယ်ပဲထားဦး။ သူ့ကိုဖမ်းရမှာ ရဲတွေအလုပ်။ ငါ့အလုပ်မှ မဟုတ်တာ"

"ရှင်တို့လို လူတွေကလေ ရှင်တို့အကျိုးစီးပွားကို လာမထိခိုက်သရွေ့ ကျန်တာဘာဖြစ်ဖြစ် လျစ်လျူရှုပြီး နေလည်း နေနိုင်ကြတယ်။ အံ့သြစရာ ကောင်းလိုက်တာ"

"နေပါဦး၊ မင်းက အဲ့လူကို ဘာလို့ အဲ့လောက် စိတ်ဝင်စားနေတာလဲ"

"အဲဒီ ဦးမိုးမြင့်မောင်ဆိုတဲ့လူက ကျွန်မညီမလိုအရွယ် မိန်းကလေးတွေကို ဒီကနေ ခိုးထုတ်သွားပြီး တစ်ဖက်နိုင်ငံမှာ ရောင်းစားနေတယ်။ ကျွန်မ နယ်စပ်မှာနေတုန်းက သေချာသိခဲ့ရပြီးပြီ။ ဒီလို ယုတ်မာ အောက်တန်းကျတဲ့လူမျိုးကို အသက်ရှင်နေခွင့် ကျွန်မ မပေးနိုင်ဘူး"

"ချယ်၊ မင်း အရင်အလုပ် ပြန်လုပ်နေတာလား။ အဲ့လူကိုရှင်းဖို့ မင်းကို ဘယ်သူ ခိုင်းလိုက်လို့လဲ"

'Crystal Light'Where stories live. Discover now