(Unicode)
Chapter 18
"ဦးလေးကြီး"
"ဘာ!"
"အမလေး၊ ဖြည်းဖြည်းအော်ပါ။ လန့်လိုက်တာ"
"အော်ပါတယ်ဆိုမှ ဖြည်းဖြည်းအော်လို့ ရမလား။ ငါ့ကိုများ ဘာဦးလေးကြီးလဲ။ မင်းအသက်နဲ့ ငါ့အသက်က ဘယ်လောက်များကွာနေလို့ ဦးလေးကြီးလဲ"
"ဦးလေးကြီးက ဦးလေးကြီးရုပ် ပေါက်နေတာကိုး"
"တော် တော်။ ဦးလေးကြီးတော့ မခေါ်နဲ့။ တခြားဟာပြောင်းခေါ်"
"ကိုကိုလို့ ခေါ်ရင်ရော"
"ကိုကိုဆိုတာ ငါ့ရည်းစားတွေခေါ်တာ။ မခေါ်နဲ့"
"အဲဒါဆို ကိုကြီးဆိုရင်ရော"
"အင်း၊ အဲဒါတော့မဆိုးဘူး။ ကိုကြီးလို့ ငါ့ကို ဘယ်သူမှ မခေါ်ဖူးသေးဘူး။ ကိုကြီးပဲခေါ်"
"ဟုတ် ကိုကြီး။ ဟာ၊ ခေါ်လို့ မကောင်းပါဘူး။ ဦးလေးကြီးပဲ ကောင်းပါတယ်"
"မင်းကတော့ ငါလုပ်လိုက်ရရင် သေတော့မယ်"
ခွန်းဆက်မင်းလွင်နှင့် သူမညီမလေး ဖြစ်ပျက်နေကြပုံကိုကြည့်ပြီး ချယ် မနေနိုင်ဘဲ ထရယ်မိတော့သည်။ သူမရယ်သံကြားတော့ နှစ်ယောက်လုံးက တစ်ပြိုင်နက် လှည့်ကြည့်ပြီး မျက်စောင်းထိုးကြသည်။
"ဘာရယ်တာလဲ မမက"
"အေးလေ၊ ငါတို့ကို ရယ်စရာမှတ်နေလား"
"မရယ်တော့ဘူး မရယ်တော့ဘူး။ ဆက်ပြောကြ"
ဒီနေ့ သူမညီမလေးဆီ လာတွေ့ခွင့်ရသည့်နေ့။ ခွန်းဆက်မင်းလွင်ကိုပါ ခေါ်လာခဲ့ပြီး ညီမလေးနှင့် တွေ့ပေးလိုက်သည်။
"မမ"
"ဟင်"
"ဒီဦးလေးကြီးက မမရဲ့ဘော့စ်ဆို"
"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ"
"ဘော့စ်ဆိုတာ သူဌေးတွေကိုခေါ်တာ မဟုတ်ဘူးလား။ ဦးလေးကြီးက သူဌေးနဲ့မှ မတူဘဲ"
"မင်းညီမက နည်းနည်းတော့များနေပြီ"
ခွန်းဆက်မင်းလွင်က ညီမလေးနားရွက်ကို လှမ်းဆွဲသည်။ နာအောင်ဆွဲတာ မဟုတ်ဘဲ ဖွဖွလေးဆွဲတာမို့ ချယ်လည်းမတားလိုက်။ ညီမလေးကလည်း သူမညီမလို့ မပြောရ။ ခွန်းဆက်မင်းလွင်လက်ကို ကုန်းကိုက်သည်။
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...