Chapter 2 (U+Z)

2.4K 59 0
                                    

(Unicode)

Chapter 2

"သခင်လေး၊ ဒီနေ့ ဆရာကြီး မွေးနေ့နော်"

"ငါသိတယ်"

စကားစတာနှင့် ထဟောက်သည့် ခွန်းဆက်မင်းလွင်ကြောင့် သူ့ကိုယ်ရေးလက်ထောက်လည်းဖြစ်၊ ညီဝမ်းကွဲလည်းဖြစ်သူ ဘုန်းစည်းစိမ်ခမျာ ဇက်ပုသွားရှာသည်။

အဲဒါကိုပဲ ခွန်းဆက်မင်းလွင်က ကြည့်ပြီးရယ်တော့သည်။

"မင်းကလည်း ငါ့နားနေလာတာ ဒီလောက်ပဲကြာနေပြီ။ ငါလေသံမာတာနဲ့ ကြောက်တုန်းပဲလား"

"ကြောက်တာပေါ့ဗျ။ မကြောက်လို့ ရမလား"

"ငါ့ကိုလည်း သခင်လေး သခင်လေးနဲ့။ အစ်ကိုလို့ပဲ ခေါ်ပါဆိုတာလည်း ပြောမရဘူး"

"လူတိုင်းက သခင်လေးပဲ ခေါ်နေကြတာ ကျွန်တော်လည်း သခင်လေးခေါ်တာပဲ ကောင်းပါတယ်ဗျာ။ သူများထက်ထူးပြီး အစ်ကိုခေါ်နေရင် သူများ မျက်စိစပါးမွေးစူးစရာ ဖြစ်မှာပေါ့"

"မင်း အဲလိုတော့လည်း ဉာဏ်ကောင်းသားပဲ"

"သခင်လေးညီပါဗျ။ တုံးပဲတုံးတာ၊ မအပါဘူး"

လက်မြန်ခြေမြန် နားရင်းလှမ်းအုပ်သည့် ခွန်းဆက်မင်းလွင်၏လက်ကို စည်းစိမ် မနည်းရှောင်လိုက်ရသည်။

"ငါ့ကိုပါ မလှိမ့်တပတ်နဲ့ ငတုံးလို့ လာခေါ်နေတာ။ ခွေးမသားလေးကတော့ ငါလုပ်လို့ သေတော့မယ်"

"အဲ အဲ၊ ကျွန်တော့်ကို ကျန်တာဆဲ။ ခွေးမသားတော့ မဆဲနဲ့ဗျာ။ ကျွန်တော့်အမေက သခင်လေးအဒေါ်နော်။ သခင်လေးပါ ခွေးမတူလေး ဖြစ်သွားမယ်"

"တော် တန် တိတ်။ မင်းပါးစပ်ပိတ်တော့။ အဖေ စောင့်နေလိမ့်မယ်။ သွားကြစို့"

"ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါဗျ"

စည်းစိမ်က စားပွဲပေါ်မှ သူ့ပိုက်ဆံအိတ်ကိုယူပြီး အပြင်ထွက်သွားနှင့်သည်။ သူက ဝတ်ထားသည့် ရှပ်အင်္ကျီလက်ရှည်၏ လက်ဖျားမှ ကြယ်သီးများ နှစ်ဖက်လုံး သေချာတပ်ထားမထား အရင်စစ်သည်။ ပြီးတော့မှ ရုံးခန်းထဲက ထွက်သည်။

အပြင်ရောက်ရောက်ချင်း စူးရှလှသည့် နေရောင်ခြည်က သူ့ကို ဒုက္ခစပေးတော့သည်။ နေကာမျက်မှန် အမည်းကြီး ထုတ်တပ်ရသည်။

'Crystal Light'Where stories live. Discover now