Chapter 8 (U+Z)

1.3K 51 0
                                    

(Unicode)

Chapter 8

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။

မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက် ဘယ်လောက်လုပ်လုပ် အိပ်မက်မဟုတ်။ သူမ နိုးထလာခဲ့ရသည့် အခန်းသည် သူမနှင့် ရင်းနှီးပြီးသား သူမအိမ်က သူမအိပ်ခန်းမဟုတ်။

မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့ပေမယ့် ခုနစ်နာရီ မထိုးခင်မှာပင် ချယ် ပြန်နိုးလာခဲ့သည်။ ရိုးရိုးရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည့် အိပ်ခန်းကျယ်ကြီးကို ငေးငေးငိုင်ငိုင်ကြီး စိုက်ကြည့်နေမိသည်။

မနေ့ညက ခွန်းဆက်မင်းလွင်၏ တပည့်ဆိုသူက သူမကို ကွန်ဒိုတိုက်ခန်းတစ်ခုသို့ ခေါ်လာသည်။ သူမ ထွက်မပြေးအောင် သူပါ ဒီတိုက်ခန်းတွင် စောင့်အိပ်လိမ့်မည်ဟု ချယ် ထင်ထားခဲ့သော်လည်း တက်တက်စက်အောင် လွဲသွားသည်။ ရောက်တာနှင့် သူမကို အိမ်သော့တစ်စုံပေးပြီး ပြန်သွားသည်။

အဲဒါကိုက အခြေအနေမကောင်း။ ဒီလိုမျိုး သူမကို တစ်ယောက်တည်း စိတ်ချလက်ချ ထားသွားခဲ့သည်ဆိုကတည်းက ဒီတိုက်ခန်းတစ်ခုလုံး သူမကိုစောင့်ကြည့်ဖို့ လုံခြုံရေး ကိရိယာများ အပြည့်တပ်ထားပြီးသားဆိုတာ သေချာနေပြီ။

ထိုသို့သော အကြောင်းများကြောင့် ဒီတိုက်ခန်းသည် အရင်က သူမနေသည့် အခန်းထက် အဆပေါင်းများစွာ ပိုကောင်းနေတာတောင် သူမစိတ်ထဲ ဘယ်လိုမှ သက်သောင့်သက်သာမရှိ။

ရေအမြန်ချိုးပြီးတော့ အဝတ်အစားက လဲစရာမရှိ။ ဝတ်ပြီးသား အဟောင်းတွေပဲ ပြန်ဝတ်ရသည်။ သူမအိမ်ကနေ အဝတ်အစားနှင့် တခြားလိုမည့်ပစ္စည်းတွေ ပြန်သွားယူရမည်။ မနက်စာလည်း သွားရင်းနှင့် အပြင်မှာပဲ စားလိုက်တော့မည်။

"What the f-ck!"

အိပ်ခန်းအပြင် ထွက်ထွက်ချင်း မနက်ခင်းလေးကို အဆဲတစ်ခွန်းနှင့် အစပြုရပြီ။ ထမင်းစားခန်းတွင် ခွန်းဆက်မင်းလွင်နှင့် သူ့တပည့် ကော်ဖီတစ်ခွက်စီနှင့် မြိန့်မြိန့်ကြီးတွေ ထိုင်နေကြသည်။

"ရှင်တို့ ဘယ်အချိန်က ရောက်လာကြတာလဲ"

"ကြာလှပြီ။ မင်းထွက်မလာသေးလို့ စောင့်နေတာ။ ထိုင်"

'Crystal Light'Where stories live. Discover now