(Unicode)
Chapter 19
"ဦးလေးကြီး"
"ဘာလဲ"
"သမီးကို ရုပ်ရှင်လိုက်ပြ"
"မရဘူး"
"ဟွန်း၊ ဘာလို့တုန်း။ ပြောတော့ကျ သမီးလုပ်ချင်တာ အကုန်လိုက်လုပ်ပေးမယ်ဆို"
"ကျန်တာလုပ်ပေးမယ်။ အဲဒါတစ်ခုတော့ မရဘူး။ မင်းအစ်မက သေချာမှာသွားတယ်။ အပြင်ထွက်ရတဲ့နေ့ကျရင် မင်းက သရဲကားလိုက်ပြဖို့ ပူဆာလိမ့်မယ်။ လုံးဝမပြရဘူးတဲ့"
"သရဲကားမဟုတ်ဘဲ တခြားရုပ်ရှင်ဆိုရင်ရော"
"အဲဒါတော့မသိဘူး။ ရမယ်ထင်တာပဲ။ ဖုန်းဆက်မေးလိုက်ရမလား"
"မေးလိုက် မေးလိုက်။ သမီးလည်း မမနဲ့ ဖုန်းပြောချင်တယ်"
ဖုန်းခေါ်တော့ ချယ်က တော်တော်နှင့်မကိုင်။ ကိုင်တော့လည်း သူက တစ်ခွန်းနှစ်ခွန်းသာ အကျိုးအကြောင်း ပြောပြီးနောက် သူမညီမနှင့် ပေးပြောလိုက်သည်။ ညီအစ်မနှစ်ယောက် ပြောနေကြတာ တော်တော်ကြာသည်။ သူ့မှာ မိုးတိုးမတ်တတ် ရပ်စောင့်နေရသည်။ ထူးဆန်းတာက ထိုသို့စောင့်နေရသည့် အတောအတွင်း သူစိတ်မရှည်ဖြစ်ပြီး ပျင်းမနေ။ စကားပြောလိုက်၊ ရယ်လိုက်၊ ခုန်ဆွခုန်ဆွလုပ်လိုက် လုပ်နေသည့် ခွေးပေါက်စလေးကိုကြည့်ပြီး သူပါ အလိုလို ရယ်နေမိသည်။
"ဦးလေးကြီး၊ မမက သရဲကားရယ်၊ အက်ရှင်ကားရယ်၊ ငိုရတဲ့ ရုပ်ရှင်တွေရယ် မကြည့်ရဘူးတဲ့။ ဟာသကားတို့၊ ကာတွန်းကားတို့ဆိုရင်တော့ ရတယ်တဲ့"
သေလိုက်စမ်း။ ဒီအသက် ဒီအရွယ်ကြီး ရောက်ကာမှ ကိုယ်ပေါ်မှာ သေနတ်နှစ်လက် အမြဲဆောင်ထားတတ်တဲ့ မာဖီးယားဂိုဏ်းချုပ် သူက ဒီကလေးမလေးကိုခေါ်ပြီး ကာတွန်းကား သွားကြည့်ရမှာတဲ့လား။
"အေး အေး၊ ပြီးရော။ လိုက်ပို့ပေးမယ်"
"ဦးလေးကြီးရော မမနဲ့ ပြောဦးမလား"
"မပြောတော့ဘူး။ သူရော ငါ့ကို ဘာပြောစရာရှိသေးလဲ မေးလိုက်"
"မမ၊ ဦးလေးကြီးက သူ့ကို ဘာပြောစရာ ရှိသေးလဲတဲ့"
"....."
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...