(Unicode)
Chapter 10
"ဟယ်လို၊ ဖုန်းပြောလို့ရလား"
"ရတယ်။ ပြော"
"မင်းထက်ဉာဏ်ဆီက ရှင်စုံစမ်းခိုင်းတာ သိရပြီ"
"အိုကေ။ ခဏလေး ခဏလေး"
တစ်ဖက်မှအသံ လုံးဝပျောက်သွားသည်။ သူမကို mute လုပ်လိုက်တာဖြစ်မည်။ ချယ် စိတ်ရှည်ရှည် ထိုင်စောင့်နေလိုက်သည်။ အတော်လေးကြာမှ -
"ပြောတော့"
"ရှင် ဘယ်ရောက်နေတာလဲ"
"ငါ့ကိုယ်ရေးကိုယ်တာက မင်းနဲ့ ဘာဆိုင်လို့လဲ"
"စိတ်ချည်းပဲ။ မပြောချင်လည်း နေပါ။ ရှင်တို့မှာ လက်နက်တွေချည်းပဲ လှောင်ထားတဲ့ ဂိုဒေါင်တစ်လုံး ရှိတယ်မလား"
တစ်ဖက်မှ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။ ပြီးတော့မှ -
"ဟိုကောင်တွေက အဲ့ဂိုဒေါင်ကို ဝင်စီးမလို့လား"
"ဟုတ်တယ်။ နောက်တစ်ပတ် တနင်္ဂနွေနေ့ ဝင်စီးမှာ။ အဲဒီနေ့ကျ ဂိုဒေါင်မှာ အစောင့်ကျတဲ့ လူတွေထဲက တစ်ယောက်ကို သူတို့ သိမ်းသွင်းထားပြီးပြီ။ အဲ့လူက သူတို့လာမယ့်အချိန် တံခါးကြိုဖွင့်ပေးထားလိမ့်မယ်တဲ့"
"အိုကေ၊ ဟုတ်ပြီ။ အဲ့လောက်သိရရင် ငါ့အတွက် လုံလောက်ပြီ။ မင်းက ဘယ်ဆိုးလို့လဲ။ လူသတ်တဲ့နေရာတင် မဟုတ်ဘူး။ စပိုင်လုပ်တာပါ တော်သားပဲ။ မင်းထက်ဉာဏ်က ဒီလိုကိစ္စမျိုးတွေ မင်းကို ယုံယုံကြည်ကြည်နဲ့ ပြောထွက်လာအောင် ဘယ်လိုများ လုပ်လိုက်တာလဲ"
ချယ် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။
"ဟား ဟား... သူက ကျွန်မကို တိုက်ရိုက်ကြီးတော့ ဘယ်ပြောမလဲ။ သူ့သူငယ်ချင်းကို ပြောနေတာ ကြားခဲ့တာ"
"သူ့သူငယ်ချင်းဆိုတာ ဘယ်သူလဲ"
"သူခေါ်တာတော့ ဟိန်းဇေဆိုလားပဲ။ မျက်နှာဝိုင်းဝိုင်း။ ခန္ဓာကိုယ်က ခပ်ပြည့်ပြည့်။ လည်ပင်းမှာ အရိုးခေါင်းပုံ တက်တူးထိုးထားတယ်"
"သြော်၊ အဲ့ကောင် ငါသိတယ်။ ဟိန်းဇေယျာဆိုတဲ့ကောင်။ သူဌေးသား။ မင်းထက်ဉာဏ်နဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေ။ သူ့အဖေအလုပ် ဝင်လုပ်တာလိုလို၊ မင်းထက်ဉာဏ်နဲ့တွဲပြီး အလုပ်လုပ်တာလိုလိုနဲ့ ယောင်နေတဲ့ ဂယောင်ကောင်"
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...