Chapter 37 - Final chapter (U+Z)

2.9K 79 4
                                    

(Unicode)

Chapter 37 - Final Chapter

~ ငါးနှစ်ကြာပြီးနောက် ~

သာယာနေသော ရာသီဥတုကြောင့် ကောင်းကင်ပြင်သည် ကြည်လင်လျက်။ တိမ်ဖြူဖြူလေးများသည် ဟိုနားတစ်ဆုပ် ဒီနားတစ်ဆုပ် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ရွေ့လျားပြေးလွှားနေကြသည်။ နေရောင်ခြည် အလင်းတန်းများကလည်း သူ့တာဝန်သူ ကျေပွန်စွာ မြေပြင်ပေါ်သို့ ပူနွေးစွာ ဖြာကျလျက်ရှိသည်။ လေပြည်လေညှင်းကလည်း တသွေ့သွေ့နှင့်မို့ ပူလောင်ခြင်းနှင့် အေးမြခြင်းသည် အချိုးညီညီ မျှတနေတာကြောင့် နေလို့ထိုင်လို့ကောင်းသည့် အနေအထား။ အိမ်တွင်းအောင်းနေဖို့ထက် အပြင်ထွက်ကာ သဘာဝ၏ လှပကြည်နူးစရာတို့ကို ရှုမြင်ခံစားဖို့ကောင်းသည့် ရာသီဥတုမျိုး။

သို့သော် ရာသီဥတု ဘယ်လောက် သာယာသာယာ၊ ပတ်ဝန်းကျင် ဘယ်လောက် အေးချမ်းအေးချမ်း၊ ကမ္ဘာလောကကြီးတစ်ခုလုံး ဘယ်လောက်ပဲ လှနေပါစေ ထိုအလှတရားတို့ကို မခံစားနိုင်သူ နှစ်ယောက်တော့ ရှိလေသည်။

တစ်ထပ်အိမ်ငယ်လေးတစ်အိမ်၏ ဧည့်ခန်းလေးထဲတွင် လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်က အသက်သုံးဆယ်ကျော်အရွယ် ယောက်ျားတစ်ယောက်။ နောက်တစ်ယောက်က သုံးနှစ်အရွယ် ကလေးငယ်လေး။

ကလေးငယ်လေးသည် ဧည့်ခန်းထဲမှ ဆိုဖာများပေါ်တက်ကာ တစ်ခုံမှ တစ်ခုံပေါ်သို့ ခုန်ကူးနေသည်။ ခြေထောက်တိုတိုလေးများနှင့် တစ်ဖက်ခုံသို့ရောက်အောင် ခုန်နိုင်လေတိုင်း သဘောတကျ တခစ်ခစ် ရယ်သံလေးက ထွက်လာသေးသည်။ တစ်ဖက်ခုံ ရောက်သွားတော့လည်း မနားသေးဘဲ နောက်တစ်ခုံကို ကူးပြန်သည်။ "ပြုတ်ကျမယ်။ တော်တော့။ ခုန်မနေနဲ့တော့။ ဟေ့ကောင်လေး။ မင်းတော့ ကြမ်းပြင်နဲ့ နဖူးနဲ့ မိတ်ဆက်တော့မှာပဲ။ ပြုတ်ကျမယ်လို့ဆို။ ဟိတ်" ဆိုသည့် အော်သံများကိုလည်း တစ်စက်လေးမှ အလေးမထား။ ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်နှင့် အပျော်ကြီးပျော်နေသည်။

နောက်ဆုံးတော့ စည်းစိမ်ပဲ လက်လျှော့လိုက်ရတော့သည်။ ကောင်လေး လမ်းကြောင်းကလွတ်အောင် ကြမ်းပြင်ပေါ် ဆင်းထိုင်ပေးလိုက်ရသည်။ မထိုင်လို့လည်းမရ။ ဆိုဖာပေါ်မှာဆို ကောင်စုတ်လေးက သူ့ခေါင်းပေါ်က ကျော်ခွသွားသည်။ သူ ကြမ်းပြင်ပေါ် ရောက်သွားတာကို သဘောကျနေသည့် အကောင်ပေါက်လေးက လက်ခုပ်လက်ဝါးတွေတောင် တီးနေလိုက်သေးသည်။ ခြေထောက်ကတော့ အပြေးမပျက်၊ အခုန်မပျက်။

'Crystal Light'Where stories live. Discover now