Chapter 21 (U+Z)

1.2K 47 4
                                    

(Unicode)

Chapter 21

~ခြောက်လဆိုသည့် အချိန်ကာလတစ်ခု ကုန်လွန်သွားခဲ့သည်~

ကျယ်ဝန်းလှသည့် ဟိုတယ်ခန်းမတစ်ခု။

ခန်းမအနှံ့ စားပွဲခင်းအဖြူ ခင်းထားသည့် စားပွဲဝိုင်းများကအပြည့်။ စားပွဲများတွင်ထိုင်ကာ စားရင်းသောက်ရင်း စကားပြောနေကြသူများရော၊ စားပွဲများကြား ဟိုဒီသွားလာနေကြသူများရောဆိုတော့ များပြားလှသည့် လူငွေ့တွေက လေအေးစက် မိုင်ကုန်ဖွင့်ထားသည့် အခန်းကျယ်ကြီးထဲတွင်တောင် ပိတ်လှောင်မွန်းကျပ်နေသည်။

ခန်းမအလယ်ကို ဒေါင်လိုက်ဖြတ်ခင်းထားသည့် ကော်ဇောနီ လျှောက်လမ်းပေါ် ကျဲချထားသည့် ပန်းပွင့်များသည်လည်း ရာနှင့်ချီသည့် ဖိနပ်များအောက်တွင် မွမွကြေနေပြီ။ အနက်ရောင် အနောက်တိုင်းဝတ်စုံဝတ် သတို့သားနှင့် အဖြူရောင်ဂါဝန်ဝတ် သတို့သမီးတို့တောင် တွေ့ရာဧည့်သည်များကို ကြုံသလို နှုတ်ဆက်ကြရင်း တကွဲတပြားစီ ဖြစ်နေကြပြီ။ နှစ်ယောက် တပူးတွဲတွဲ မလုပ်နိုင်ကြတော့။

အင်း၊ မင်္ဂလာဆောင် မပြီးခင်ကတည်းက ကွဲနေကြပြီဟု ခွန်းဆက်မင်းလွင် စိတ်အချဥ်ပေါက်စွာ တွေးလိုက်မိသည်။

ဒီမင်္ဂလာပွဲကို မကောင်းတတ်၍သာ လာရခြင်းဖြစ်သည်။ ပုံမှန်ဆို သူက မင်္ဂလာဆောင်များကို ဝေးဝေးကရှောင်သည်။ မကောင်းတတ်လို့ဆိုတာကလည်း သတို့သားအဖေက သူနှင့် အလုပ်ချင်း ဆက်စပ်နေ၍ စီးပွားရေးအရ လာရခြင်းသာ။ လူမှုရေးအရတော့မဟုတ်။ ဘယ်သူ့ကိုမှ ဘယ်လိုလူမျိုးကိုမှ အားနာလို့ဆိုတာမျိုး သူ့မှာ ထုံးစံမရှိ။

လူတစ်ယောက်နဲ့တစ်ယောက် ယူကြတာများ နှစ်ဦးသဘောတူ ညားလိုက်ကြရင် ပြီးရောပေါ့။ လူသိရှင်ကြား ကျွန်တော်ကျွန်မတို့ ညားကြပါပြီဆိုပြီး ငွေကုန်ခံ ကြွားနေဖို့ လိုသေးလို့လား။

စိတ်ထဲက မကျေမနပ် ရေရွတ်ရင်း ဝိုင်တစ်ခွက်ကို တစ်ခါတည်း ကုန်အောင်မော့လိုက်သည်။

တိုက်မယ့်တိုက် ဝီစကီလောက်တော့ အနည်းဆုံးတိုက်ပါလား။ ဝိုင်တဲ့။ ကလေးကစားတာကျလို့။ အင်းလေ၊ ဝိုင်ဆိုတော့လည်း သူမကြိုက်တော့ များများမသောက်မိတော့ဘူးပေါ့။ များများမသောက်မိရင် မမူးတော့ဘူးပေါ့။

'Crystal Light'Where stories live. Discover now