Chapter 16 (U+Z)

1.1K 54 0
                                    

(Unicode)

Chapter 16

~ နှစ်လခန့်ကြာပြီးနောက် ~

သူမ လုပ်ခဲ့သည့် အလုပ်အတွက် ချယ့်စိတ်ထဲတွင် မရေရာသော ခံစားချက်တစ်မျိုးကို ခံစားနေရသည်။ ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်းလည်း မဟုတ်။ ကျေနပ်ခြင်း၊ အားရခြင်းလည်းမဟုတ်။ ဒါဆို နောင်တလား။ ဒါလည်း မဟုတ်ပြန်။

သေချာတာကတော့ သူမသည် ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရတော့မည့် လမ်းတစ်ခုပေါ်သို့ ခြေချခဲ့မိပြီ ဆိုတာပါပဲ။

အနွေးထည် အထူကြီးဝတ်၊ ခေါင်းမှာလည်း သိုးမွေးဦးထုပ် အကြီးကြီးဆောင်းပြီး မာဖလာကိုလည်း နှာခေါင်းအထိပါလုံအောင် အပေါ်ပင့်တင်ထားတာမို့ သူမမျက်နှာကို ဘယ်သူမှ သေချာ မြင်ရမှာမဟုတ်။ ဒါတောင် သူမစိတ်က မလုံမလဲ။

သူမ ငေးကြည့်နေသည့် ဟိုတယ်ထဲမှ ဟိုတယ်ဝန်ထမ်းများနှင့် ဆေးရုံဝန်ထမ်းဟု ယူဆရသည့် လူအချို့ထွက်လာသည်။ သူတို့နှင့်အတူ လူနာထမ်းစင်နှစ်ခုလည်း ပါလာသည်။ သူမရပ်နေရာက အတန်ငယ် လှမ်းသဖြင့် ထမ်းစင်ပေါ်မှ လူများကိုတော့ သဲသဲကွဲကွဲ မမြင်ရ။ သို့သော် အဲဒီလူတွေ ဘယ်သူတွေလဲဆိုတာ သူမ သိပါသည်။

ဒီနေ့မနက်ကပင် သူမ ခွန်းဆက်မင်းလွင်ဆီ ဖုန်းဆက်မိခဲ့သေးသည်။

"ရှင် စိတ်မပြောင်းတော့ဘူးလား"

"ငါက ပြောင်းချင်တယ်ဆိုရင်တောင် အချိန်မီဦးမှာမို့လို့လား"

"ဟင့်အင်း၊ မမီတော့ဘူး။ နောက်ကျသွားပြီ"

ထိုစကား သုံးခွန်းနှင့်ပင် သူမတို့ဖုန်းပြောခြင်း ပြီးဆုံးသွားခဲ့သည်။

သူမ ကြည့်နေတုန်းမှာပဲ ထမ်းစင်နှစ်ခုသည် လူနာတင်ကားပေါ် ရောက်သွားခဲ့ပြီ။ ဟိုတယ်ဝန်ထမ်းများက ဟိုတယ်ထဲ ပြန်ဝင်သွားကြသည်။ ဆေးရုံဝန်ထမ်းများ ကားပေါ်တက်ပြီးနောက် လူနာတင်ကားလည်း ထွက်သွားတော့သည်။ အရေးပေါ်ဥသြလည်း မဆွဲ။ အမြန်လည်း မောင်းမသွား။ ခပ်ဖြည်းဖြည်းသာ။

အင်းလေ၊ ဖြည်းဖြည်းပဲပေါ့။ ဘာလောစရာ လိုလို့လဲ။ ကားပေါ်ပါသွားသည့် ထမ်းစင်ပေါ်မှ လူနှစ်ယောက်သည် အသက်မှ မရှိတော့တာ။ ဆေးရုံရောက်အောင် အပြေးအလွှားသွားဖို့ မလိုတော့ဘူးလေ။

'Crystal Light'Where stories live. Discover now