Chapter 32 (U+Z)

1.2K 47 0
                                    

(Unicode)

Chapter 32

ခွပ်...။

"အာ့"

ဒုတ်...။

"အား... တော်ပါတော့၊ တော်ပါတော့။ တော်ကြပါတော့ဗျာ။ တောင်းပန်ပါတယ်"

အလုံပိတ်ထားသည့် အခန်းတစ်ခန်း။ ကုလားထိုင်တစ်လုံးပေါ်တွင် ကြိုးတုပ်ခံထားရသည့် လူတစ်ယောက်။ မျက်နှာတွင်လည်း သွေးအလိမ်းလိမ်းနှင့်။ ဖူးယောင်နေသည့် မျက်လုံးတစ်ဖက်က ဖွင့်မရ။ ကျိုးထားသည့်နှာခေါင်းက သွေးတွေ စီးကျနေသည်။ နှုတ်ခမ်းပေါက်ထားသည့် နေရာများတွင်လည်း သွေးများစို့လျက်။ သွေးစက်အချို့က မေးစေ့မှနေပြီး ရင်ဘတ်ပေါ်သို့ တတောက်တောက် ကျနေသည်။

ထိုသူကတော့ ဟိန်းဇေယျာ...။

မျက်လုံးတစ်ဖက်က ဖွင့်မရသည့်အထဲ တခြားတစ်ဖက်ကလည်း သွေးများနှင့် ဝါးနေသဖြင့် သူ့မျက်စိရှေ့မှလူများကို ကောင်းကောင်းမမြင်ရ။ သို့သော် သူ့ရှေ့တည့်တည့်တွင် လူနှစ်ယောက် ရပ်နေ မှန်းတော့ သိနေသည်။

"ရှင် ဘူးခံငြင်းမနေပါနဲ့တော့။ ဝန်ခံလိုက်တော့"

မိုးမြင့်မေ၏အသံက စူးစူးရှရှ။ ဒေါသကြောင့်လည်း အနည်းငယ် တုန်နေသည်။

"ဒီအလုပ်နဲ့ ပတ်သက်တာတွေကို hack ခံရမှာစိုးလို့ ကွန်ပျူတာတွေထဲမှာတောင် မသိမ်းဘူး။ စာရွက်နဲ့ထုတ်ပြီးပဲ ကိုကြီးအခန်းထဲမှာ သေချာသိမ်းတာ။ မိတ္တူအပိုလည်း ပွားမထားဘူး။ ဒီတစ်စုံပဲရှိတယ်။ သတင်းပေါက်တယ်ဆိုရင် ဒီတစ်စုံကနေ ပေါက်တာပဲ။ ကျွန်မတို့အိမ်ကို ဝင်ထွက်နေတဲ့ သူစိမ်းဆိုလို့ ရှင်တစ်ယောက်ပဲရှိတာ။ ရှင်ကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး"

"မဟုတ်..."

ဟိန်းဇေယျာစကား မဆုံးလိုက်ရ။ မိုးမြင့်ယံက သူ့ပါးနှစ်ဖက်ကို ညှစ်ကိုင်ပြီး မျက်နှာကိုဆွဲမော့သည်။

"မဟုတ်ဘူးဆိုတဲ့စကား မင်းပါးစပ်က ထွက်မလာနဲ့။ ဒီလောက်နဲ့ ဝန်မခံချင်သေးရင် ရတယ်။ မင်းစောက်ပါးစပ်က ကိုယ်တိုင် ဝန်ခံလာတဲ့အထိ ငါလုပ်ပေးမယ်။ ဟေ့ကောင်တွေ"

'Crystal Light'Where stories live. Discover now