Chapter 12 (U+Z)

1.2K 51 0
                                    

(Unicode)

Chapter 12

စက်မှုဇုန်နယ်မြေတစ်ခုအတွင်း၌ အစီအရီ တန်းလျက်ရှိနေသည့် ဂိုဒေါင်များ။ အားလုံးသည် တစ်ပုံစံတည်း။ အဝင်ဝ တံခါးကြိီးဘေး နံရံပေါ်တွင် ချိတ်ထားသည့် သတ္တုတံဆိပ်ပြားများပေါ်မှ နံပါတ်များသာ ကွာခြားသွားသည်။ ကျန်တာ အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန် အားလုံးအတူတူ။

စက်မှုဇုန်၏ စက်ရုံများဘက်ခြမ်းက ဆူညံလှုပ်ရှားနေသလောက် ဂိုဒေါင်များသာရှိရာ ထိုအပိုင်းကတော့ မယုံနိုင်လောက်စရာ တိတ်ဆိတ်နေသည်။ ပစ္စည်းအထုတ်အသွင်း လုပ်နေကြသည့် ဂိုဒေါင်တစ်ခုနှစ်ခုမှလွဲ၍ ကျန်အားလုံးသည် ငြိမ်သက်လျက်။ တံခါးများကိုလည်း အလုံပိတ်ထားကြသည်။ အများစု ဂိုဒေါင်များက အစောင့်မရှိ။ အနည်းငယ်သော ဂိုဒေါင်များရှေ့တွင်တော့ အစောင့်များက တိတ်ဆိတ်စွာ စောင့်ကျပ်လျက်။

ထိိုသို့ ကိုယ်ပိုင်အစောင့်နှင့်ထားသည့် ဂိုဒေါင်များထဲတွင် ဂိုဒေါင်အမှတ် 45 လည်း ပါဝင်သည်။ ဂိုဒေါင်အမှတ် 45 ၏ရှေ့တွင် လုံခြုံရေးယူနီဖောင်း ဝတ်ထားသည့် လူနှစ်ယောက် ငြိမ်သက်စွာ ရပ်နေကြသည်။

"ဒီကောင်တွေက ဘယ်တော့မှ လှုပ်ရှားကြမှာလဲ။ စောင့်နေရတာ ပျင်းစရာတောင် ကောင်းလာပြီ"

ခွန်းဆက်မင်းလွင်၏ ပျင်းတိပျင်းတွဲလေသံကို အန်ကယ်စိုးက ပြုံးရုံသာပြုံးသည်။ ဘုန်းစည်းစိမ်ကတော့ -

"သခင်လေး အရမ်းပျင်းနေရင်လည်း နေကြာစေ့ ထိုင်စားနေမလား။ ကျွန်တော် သွားဝယ်ပေးမယ်"

"ဒီခွေးမသားလေးက ငါ့ကို မကြောက်မရွံ့ လာရွဲ့နေပြန်ပြီ။ တိတ်တိတ်နေပြီး ကြည့်စရာရှိတာ ဆက်ကြည့်နေ။ ထူးခြားတာရှိရင်ပြော။ ငါ့မျက်လုံးတွေ ညောင်းလာပြီ။ ခဏအနားယူဦးမယ်"

"ဟုတ်ကဲ့ပါခင်ဗျာ။ ဟုတ်ကဲ့ပါ"

ကားနောက်ခန်းထဲ လှဲအိပ်ရသည်မှာ သူ့ခြေထောက် အရှည်ကြီးများနှင့် အဆင်မပြေလှ။ ခန္ဓာကိုယ်ပဲလှဲပြီး ဒူးနှစ်ဖက်ကို ထောင်ထားရသည်။

ဂိုဒေါင်ဝင်းထဲ ကွေ့မဝင်ခင် အပြင်ဘက် လမ်းမပေါ်တွင် စက်မသတ်ဘဲ လမ်းဘေးကပ်ရပ်ထားသည့် ကားပေါ်၌ ကားစက်သံ တငြိမ့်ငြိမ့်၊ အဲကွန်းအေးအေးလေးနှင့် တစ်ရေးလောက် အိပ်ပစ်လိုက်ချင်သော်လည်း အိပ်ပျော်မည်မထင်။

'Crystal Light'Where stories live. Discover now