part1..

1.7K 9 1
                                    

🌓မောင်...သည် သာ မေ
အရာရာ ...🌓

         အပိုင်း....1

....!......!!

"မောင် ..ဟီး အင့်  အင့် .."

  "ဟဲလို..မေ ..ဘာဖြစ်တာလဲ ..မောင် ကိုပြော...ကြားလား မေ .."

  " မောင် ..ငါ ..ငါ.."

  "ကျစ် ..မေ ဘာဖြစ်တာလဲ..ပြောလေကွာ.
တစ် ငါ ငါ နဲ့ ..မောင် စိတ်မရှည်တော့ဘူး..."

   "ငါ ကို လာခေါ်ပေးပါလား မောင် ..ငါ လမ်းမသိတော့ဘူး .."

" ပြော ..အခု ဘယ်မှာလဲ မေ ပြော..မောင် အခု လာခဲ့မယ် .."

".××××××မှာ .."

"အိုကေ ..မောင် အခု လာခဲ့မယ် ..မေ ငို မနေနဲ့ နော် ..ပြီးတော့ ဘာမှမကြောက်နဲ့ ..မောင် အမြန်ဆုံးလာခဲ့မယ် ..ခဏလေး ပဲ စောင့် ..."

မောင် ဆီက ဖုန်း ကျသွားပေမဲ့
မေ လက်ထဲက ဖုန်း ကို ကျစ်နေအောင်
ဆုပ်ကိုင့်ရင်း လူကူးတံတားပေါ် ကျုံ့ကျုံ့လေး ထိုင့်၍ မျက်ရည်ကျကာ အသံမထွက်
ရှိုက်ငိုနေသလို့ လမ်းသွားလမ်းလာတွေကိုလဲ
ဂရုမစိုက်နိုင့်ပေ။

"သွားကြည့်လိုက် စန္ဒကူး ..နင် အ၀တ်တစ်ထည် ကိုယ်တစ်ခု နဲ့ ဆင်းရင်
အဲ့အကောင် အသိုင်းအဝိုင်းက ညည်း ကို
ကြည်ကြည်သာသာ ကြိုဆိုမလား ဆိုတာ
ညည်း ကို ချမ်းသာမှန်း သိလို့ ချူချင်လို့
ညည်း ကို ချစ်ခင်ဟန်ဆောင်နေတာ ..."

   "ညည်း ဒီလောက်သုံးရသလား .."

" သမီးတစ်ယောက်တည်းဆိုပြီး ကျန်တာ
အလိုလိုက်လို့ရတယ် ..ဒီကောင်တော့
ငါလုံးဝ သဘောမတူဘူး ..."

  "မောင် က သမီး ကို တစ်ကယ့်ချစ်တာပါ
မေမေ ..မောင် ရဲ့ မေတ္တာ စစ်မှန်တာ
သမီး ခံစား လို့ရတယ် ...သမီး တို့ကို သဘောတူပေးပါ မေမေရယ် .."

"မောင် တို့က ဆင်းရဲပေမဲ့ အကျင့်စရိုက်
ကောင်းပြီး ရိုးသားပါတယ် မေမေ ..."

"တော်တန်တိတ် ..အဲ့ ပိုင်းလုံးကောင်
အကြောင်း ငါ အရှေ့မှာ ညည်း လုံးဝ လာမပြောနဲ့ .."

" အေး ငါပြောနေရဲ့သား နဲ့ ညည်း သူ့ကို
   မပြတ်နိုင့်ရင်ရွေး လိုက်..နင်ကို ဒီအရွယ်ထိ
ရောက်အောင်ကျွေးမွေး ပျိုးထောင့်ထားတဲ့
မိဘလား ...ညည်း အသက်လောက်ချစ်ပါတယ်ဆိုတဲ့ ပိုင်းလုံးကောင် ကိုလား ..."

 မောင်သည် သာ မေအရာရာWhere stories live. Discover now