Part..17(Zg)

309 1 0
                                    

🌓မောင်သည်သာ မေအရာရာ 🌔

     အပိုင်း ...7

......!! ........  !

" တစ်လခန့် ကြာပြီး နောက် ..."

   " ဥဿ ဒီနေ့လမ်းကြောင်းရှိတယ်..
    ငါးယောက် အဖွဲ့ က မလေး သွားမှာ ..
   နောက်ထပ် ၃ယောက်ကျ ဘန်ကောက်
  ဖက် ..ငါ တို့က နယ်စပ် ပကျွတ်အထိ ဆင်းရမှာ ...ရှမ်းကြီး လာကြို့လိမ့်မယ်.."

    " အင်း ...ခရီးသည်တွေက တက်လာနေပြီးလား .."

   " ကားက နေ့လည်တည်းက ထွက်လာတာ...တနင်္သာရီ ကျော်သွားပြီး ...
ထမင်းချက် ထားဖို့ ပြောထားဉီး ..."

  "ခုနစ်ယောက်စာလား .."

" တစ်ခြား အဖွဲ့တွေလဲ ပါမယ့်ထင့်တာပဲ .."

   "အင်းအင်း .."

အံဥဿထူး သူလေ့လာနေတဲ့
ထိုင်းမြန်မာဘာသာပြန်စာအုပ်ကို
ပြန်ပိတ်လိုက်ပြီး လက်နှစ်ဖက်မြှောက်ကာ အကြော့ဆန့် လိုက်၏။

  သူ ထိုင်းဖက် မဆင်းဖြစ်ပဲ
လမ်းပြ ကိုအောင်ကြီး နဲ့ အတူ
အလုပ်အတူလိုက်လုပ်ဖြစ်၏။

လမ်းကြောင်းလဲ မကျွမ်းကျင်
အလုပ်ထဲ လဲ သူသေချာနားမလည်
သေးတာကြောင့် ကိုအောင်ကြီး ခိုင်းသမျှ လုပ်ရသည်။

လူတစ်ခေါက်ပို့ ပြီး ရင်တော့
ကိုအောင်ကြီး တို့ ထက် ရတာတော့
နည်းသည်။

ပွဲစားခေါင်းဆောင်ကြီး က သူကို လစာ
အနေနဲ့ လုပ်မလား ..တစ်ခေါက်ဆင်း
တစ်ခေါက် အောင်ကြီး တို့လို့ ယူမလား
တော့ မေးသည်။

လစာ ပဲ ယူမယ် လို့ ပြောတော့
ကိုအောင်ကြီး တို့က ရယ်၏။

လစာက တစ်လ ကို ၁၀၀၀၀ ပေးမည့်လို့
ဆို၏။
မြန်မာငွေ နဲ့ ပြန်တွက်ရင် ဘတ်ဈေး အတက်အကျ နဲ့ မို့ ၁၀သိန်းနီးပါး လောက် ရမည် ဖြစ်သည်။

ကိုအောင်ကြီး တို့က တစ်ခေါက် ပို့
တစ်​ခေါက်ဆင်း၏။
ခရီးသည် များ ရင် ရတာများ သလို့
ဘော်လုံး မရှိရင်လဲ သူ့တို့ အတွက်စားပေါက် ပိတ်သည်။

ဒါကြောင့် ပွဲစားကြီး က သူတို့ အတွက်
လူရှာပေးရ၏။

ဘော်လုံး ကာလ ရောက်ရင့်တော့
ပိုက်ဆံပိုရကောင်းသည့် လို့
ကိုအောင်ကြီး ပြောပြ၏။

 မောင်သည် သာ မေအရာရာWhere stories live. Discover now