Part.22

355 1 0
                                    

🌑မောင်သည်သာ မေအရာရာ🌒

      အပိုင်း..22

.........!!............!

  " ဒါဆို သားတို့နှစ်ယောက်က..."

    ဒေါ်နန်းသဉ္ဇာ ဘာစကားမျှ ဆက်မပြောနိုင့်ပဲ ၀တီဇော် ရဲ့ ဗိုက်ကို ကြည့်၍
နှုတ်ဆိတ်သွားရသည်။

သား ပြန်လာနေပြီး လို့ သတင်းကြား
တုန်း က ၀မ်းသာပျော်ရွှင်နေသမျှ
ကြက်ပျောက်ငှက်ပျောက်။

   " အခုလော့လော့ဆယ် ၀တီ ရဲ့ဗိုက်ကို
   Og နဲ့ သေချာ အပ်ပေးရမယ် ..မယ်.."

    " ငါတို့ လက်ထပ်မဲ့ကိစ္စကရော့ ဥဿ.."

   အံဥဿထူး ခရီးဆောင် အိတ်ကို
အိမ်ထဲ သွင်းရင်း ၀တီပွင့်ဇော် ကို
တစ်ချက်မျှ စိုက်ကြည့်ပြီး ...!

  " ကလေးကိစ္စကို စိတ်ချရအောင်
   အရင်လုပ်လိုက်ကြရအောင် ၀တီ..
   လက်ထပ်တာကတော့ အချိန်ယူရမှာ
   ဆိုတော့ ငါလဲ နယ်စပ် ကို ပြန်ရဉီးမှာ..
   ကလေးမွေးပြီးတော့မှ မင်္ဂလာဆောင်
   ကိစ္စကို လုပ်လို့ရတယ်..."

   "ဒါဆို ငါတို့ အရင်လက်မှတ်ထိုး
    ထားကြမလားဥဿ..."

   "အင်း ဒီလို့ပဲလုပ်ကြတာပေါ့ ..."

     " အံဥဿထူး ..မယ် တို့ ခဏစကားပြောကြရအောင်..."

မိခင် ဖြစ်သူ ဘာပြောမလဲ ဆိုတာ
ဥဿ သိပါသည်။

သူ့ကိုယ့်တိုင့်လဲ ၀တီ ကိစ္စနဲ့ ပတ်သက်ပြီး ရှက်ရွံသလို့ ကိုယ့်ဘာသာ စိတ်ပျက်၍ ဘာမျှပင် ပြောချင်စိတ်
  မရြှိဖစ်နေသည်။

မိခင်ဖြစ်သူ ရဲ့ဘာမျှ နားမလည်နိုင့်အောင်ဖြစ်နေတာ ကို သိသော်ငြားလဲ
သူ့ ကိုယ့်တိုင့် မရှင်းပြ နိုင့်ရအောင်
ဖြစ်နေတာမို့ ...!

  " ၀တီ ကိစ္စဆို ကျနော် ဘာမှမပြော
   ချင်သေးဘူး မယ်..အရင်ဆုံး ၀တီ ကို
နားပါစေဉီး .."

အော် ဆိုတဲ့စကားသံ မထွက်နိုင့်အောင်ပင်  ဒေါ်နန်းသဉ္ဇာ ဆွံအ ရသည်။

သားဆီက ဘာမျှ မကြားရပဲ
ဗြုန်းစားကြီး ပြန်ရောက်လာသလို့
ဝတီ နဲ့အတူ ဖြစ်ပြီး ၀တီပွင့်ဇော် က ကိုယ်ဝန်ငါးလ ထဲ ရောက်နေပြီးတဲ့။

 မောင်သည် သာ မေအရာရာWhere stories live. Discover now