part8

1K 38 1
                                    

🌓မောင်သည်သာ မေအရာရာ🌓

      အပိုင်း...8

.........!!!........!!

"မေ စိတ်ကြည်ရဲ့လား ခေါင်းကိုက်နေလား...."

အိပ်ရာက နိုးနိုးချင်း မေးလိုက်သည့်
မောင် ဟာ အလုပ်သွားဖို့ ပြင်ဆင်ပြီး
နေပြီ ဖြစ်သည်။

အနက်ခံအပေါ် အဖြူရောင်အစင်းကြား
ပါတဲ့ တီရှပ်အပွကို အပြာရောင်ဖျော့နေတဲ့ ဂျင်းဘောင်းဘီ ခြေရှည်နဲ့ တွဲ၀တ်ထားသလို့ အနက်ရောင် နွမ်းနွမ်း အင်္ကျီလက်ရှည်နဲ့ တွဲ၀တ်ထား ၏။

အ၀တ်အစားတွေက မတောက်ပြောင်
ပေမဲ့ မောင် ရဲ့ယောင်္ကျားပီသ ချောမောတဲ့ ရုပ်ရည်ကိုတေ့ာ နည်းနည်းလေးမှ
ပျက်မသွားပေ။

နေပူပြင်ထွက်များလို့ ထင့်သည်။
မောင် မျက်နှာ ချောချောဟာ
နေလောင်ထားလို့ ကွက်ကာ ရဲနေသည်။

  "မေးတာလဲ မဖြေဘူး ...မောင်ကို
   စိတ်ဆိုးမပြေသေးဘူးလား ကွာ..."

စန္ဒကူး အနား ကို လျှောက်လာ၍
အိပ်ရာဘေး ထိုင့်ချကာ ထပ်မေးလာတာမို့ စန္ဒကူး အိပ်ရာက ထ၍ ဆံပင်ရှည်ကို
လက်နဲ့ သိမ်း၍ ....!

   "ငါဘာမှမဖြစ်ပါဘူး မောင် ...
   နေ့လဲကောင်းပါတယ် ..မောင်အလုပ်သွားတေ့ာမလို့လား ...မနက်စာ စားပြီးပြီလား .."

   "အင်း စားပြီးပြီ မေ အိပ်နေလို့
  မောင်မနိုးတေ့ာတာ . မေ အိပ်ချင်သေးရင် ဆက်အိပ်နေလေ ..."

"ဟင်အင်းမောင် ငါအိပ်ရေး၀နေပါပြီ ..."

"မေ .."

"အင်း .."

"မောင် ကိုတစ်ကယ့် စိတ်ဆိုးပြေပါပြီနော် .."

"အင်း ငါလဲမှားတာပဲလေ မောင် ..
  ငါစိတ်ထဲဘာမှ မရှိတေ့ာပါဘူး ..."

   "မောင် က မေ နည်းနည်းလေးငြိုငြင်သွားမှာကို မခံစားန်ိုင့်ဘူးကွာ ..."

   "မငြိုငြင်ပါဘူး မောင်ရဲ့ ..."

"အင်းပါ မောင် အလုပ်သွားတေ့ာမယ်နော် ...."

  "မှ ."

မေ ပါးပြင်ကို ကြင်နာချင်းအပြည့်အ၀
နဲ့ ထိတွေ့နမ်းရှိုက်ပြီး သူ့အလုပ်သွားဖို့
ထွက်လာခဲ့သည်။

 မောင်သည် သာ မေအရာရာWhere stories live. Discover now