The End

1K 9 0
                                    

🌑မောင်သည်သာ မေအရာရာ🌑

    ဒုတိယပိုင်း (ဇာတ်သိမ်း)

..........!!!..............!

"သမီးလေး လာ .."

ဆေးရုံဝန်းထဲ ကားရပ်လိုက်တာနဲ့
ကားတံခါး ကိုဆွဲဖွင့်ပြီး စန္ဒကူး သမီး
လက်ကို ဆွဲကာ ဒရောသောပါး ၀င်ပြေးလာခဲ့သည်။

ညဖက် ဖြစ်နေတာကြောင့် ဆေးရုံဝန်းကျင် က တိတ်ဆိတ်နေသလို့ လူ လဲ နည်းပါးနေ၏။
မြို့နယ် လေးရဲ့ ဆေးရုံမို့ လူနည်းပါးတာလဲ ဖြစ်၏။

သမီးလေး လက်ကို ဆွဲရင်း
အထဲရောက်တာနဲ့ ဆေးကောင်တာ က
သူနာပြုဆရာမလေး ဆီ အရောက်သွား ကာ...!

"ဆရာမ ကားအက်ဆီးဒင့် နဲ့ ရောက်လာတဲ့ လူနာ ဘယ်အခန်းမှာလဲ ဟင် ..."

   " အော် အမြန်လမ်းမှာ ယာဉ်တိုက်ပြီး
    ရောက်လာတဲ့ လူနာ လား .."

" ဟုတ်ကဲ့ ဆရာမ ..အခြေနေကောင်းရဲ့လား ရှင် ..ကျမ အဲ့လူနာရဲ့ ဇနီး ပါ .."

   "အို့ ."

ဆရာမလေးက စန္ဒကူး မေးခွန်းကြောင့်
မျက်နှာပျက်သွားကာ ဂရုဏာသက်ဖွယ် ​ကြည့်လာသည်။
ပြီးမှ တစ်ဖက် က သူနာပြုကို ကြည့်လိုက်ပြီး ...!

   " ဆရာမ ဒီအမျိုးသမီးက အမြန်လမ်းမှာ ယာဉ်တိုက်မူဖြစ်တဲ့ လူနာ ရဲ့ ဇနီးတဲ့ .."

"ဟယ် ငယ်ငယ်ချောချောလေးပဲ .."

"စိတ်မကောင်းစရာပဲ . လူနာ ဆီ လိုက်ပို့ပေးလိုက်ဉီး နော် .."

ဆရာမ နှစ်ယောက်လုံးက စန္ဒကူး ကို
သနားစဖွယ် မျက်ဝန်း နဲ့ ကြည့်လာတာကြောင့် သူမ ရင်ထဲ ပိုထိတ်လန့်လာရသည်။

!စိတ်မကောင်းစရာဆိုပါလား ..!

  "ဆရာမ ..သူ ..သူ အခြေနေ ကောင်းရဲ့လား ဟင် .."

  " ဒီက ဆရာမလေး လိုက်ပြပေးပါလိမ်မယ် ..အနောက်က လိုက်သွားနော်"

အရှေ့က ဆရာမ ဉီးဆောင် ခေါ်လာတဲ့
အနောက်ကို ရင်တထိတ်ထိတ် နဲ့ လိုက်လာခဲ့ရင်း အခန်း တစ်ခန်း အရှေ့ ရောက်လာ၏။

   "ဒါက .."

စန္ဒကူး မျက်ဝန်းတွေ ပြာသွား၏။
သမီးလက်ဖျားကို ဆုပ်ကိုင့်ထားတဲ့
လက်ချောင်းနဲ့ အတူ ရင်တစ်ခုလုံးတင်းကြပ်ကာ အသက်ပင်ရှူလို့မ၀တော့။

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

 မောင်သည် သာ မေအရာရာWhere stories live. Discover now