Part5

1.4K 46 1
                                    

🌓မောင်သည်သာ မေအရာရာ🌓

      အပ်ိုင်း ...5

.......!!!.......

   မနက်ခင်း နေရောင်ခြည် က ပြတင်းပေါက်ကြားမှ တစ်ဆင့်
သူမျက်နှာပေါ် ဖြာကျ လာတာမို့
မနက်စောစော ထတတ်သူပီပီ
အံဥဿထူး မျက်လုံးအစုံ ပွင့်လာသည်။

သူရင်ခွင်ထဲ လက်မောင်း ကို ခေါင်းအုံး
ပြီး အိပ်မောကျနေတဲ့ ချစ်ရသူရဲ့
နူးညံအိစက်တဲ့ အထိအတွေ့ ကြောင့်
သူ့နှုတ်ခမ်းတစ်စုံ ပြုံး သွား၏။

ညက အကြောင်းကို ပြန်တွေးမိတေ့ာ
ရင်ခုန်နှုန်း က ပိုမြန်ဆန်လာအောင်
ချစ်ရသူ ရဲ့ ၀င်သက်ထွက်သက်လေ က
သူ့ ရင်ဘတ်ကို လာရိုက်ခတ်နေ၏။

    "သူ့ကြောင့် အရမ်းပင်ပန်းသွားတဲ့ ချစ်သူရဲ့ နှုတ်ခမ်းပါးလေး ကို
ဖွဖွ ဖိနမ်းပြီး ခေါင်း ကို အသာယာ
မ လိုက်၍ ခေါင်းအုံး ပေါ် တင့်ပေး
လိုက်သည်။

  မနက်ခင်း မျက်လုံး ဖွင့်တာနဲ့
  ပထမဆုံး စတွေ့တဲ့ မျက်နှာလေး နဲ့တင့် သူ့မနက်ခင်း ဟာ အဓိပ္ပာယ်ရှိတေ့ာမည်။

စောင် ကို ရင်ဘတ်အနားထိ ပြန်ခြုံ
ပေးပြီး သူအိပ်ရာထဲ  က ခြင်ထောင်ကို
အသာလှန်၍ ထ လာ ခဲ့၏။

အိပ်ရာဘေး က တီရှပ်နဲ့ လုံခြည်ကို
ပြန်ကောက်၀တ်လိုက်ပြီးမှ   ဂျက်ချထားတဲ့ တံခါး ကို
အသံမမြည်အောင် ဖွင့်ပြီး အခန်း ပြင်ထွက်လာတေ့ာ ...!

   "သား နိုး ပြီးလား .."

   "ဟုတ်မယ့် .."

  "မယ့် မနက်စာ ပြင်ပေးထားပြီးပီ ...
သမီးစန္ဒကူး ရော့ နိုး နေပြီလား..
အတူစားကြလေ ..."

  " မေ မနိုးသေးဘူး မယ့် .."

    "ဟုတ်လား ..ဒါဆို သား က အလုပ်သွားရမှာဆိုတေ့ာ အရင်စားပြီး သွား မလို့လား .."

အလုပ်ဆိုမှ သူ ရင်မော သွား၏။
ဟုတ်သည်ပဲ။
မနေ့က သူအလုပ်ပြုတ်လာခဲ့တာ။

    " အင်း မယ့် ..."

  သူ့ မယ့် ကို ခေါင်းညိတ်ပြပြီး
အိမ်အောက် ဆင်းလာကာ မျက်နှာသစ် သွားတိုက်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။

 မောင်သည် သာ မေအရာရာWhere stories live. Discover now