part6

1.1K 34 0
                                    

🌓မောင်သည်သာ မေအရာရာ🌓

       အပိုင်း...6

.........!..........

  မျက်နှာပေါ် တရွရွ နဲ့ ထိတွေ့နေမှုကြောင့် ယားယံ လာသလို့ ဖြစ်လာပြီး
စန္ဒကူး အိပ်ချင်စိတ်တွေ ပျယ်လာသည်။

      "ဟွန့် .."

အံဥဿထူး အိပ်နေရင်း နဲ့ မျက်နှာလေးလှလှလေး ရှုံ့တွကာ မျက်ခုံးတွန့် လာတဲ့
မေ ကြောင့် ပြုံး လိုက်သည်။

ပြီးမှ ထပ်မံအသဲယား လာတာကြောင့်
ဘေးတစောင်း နဲ့ မေးစေ့ ကို လက်တစ်ဖက်နဲ့ ထောက်၍ မေ မျက်နှာကို
သဘောကျစွာ အနုစိတ် စိုက်ကြည့်
နေသည်။

မျက်လုံးမှိုတ်ထားတာကြောင့်
မျက်တောင်တိုတိုစိပ်စိပ် တွေက ဖြာကျနေပြီး နှုတ်ခမ်းလုံးလုံး နီထွေးထွေးလေးက စူထော်နေသလို့ နှာတံလုံးလုံး ကကြီးပုံ နဖူးပြေပြေ သွေးကြောစိမ်းလေးတွေယှက်သန်း နေတဲ့ ပါးပြင်ဖောင်းဖောင်း ပုံသွင်းစရာမလို့တဲ့ မျက်ခုံး ထူထူ ထဲထဲ အားလုံးက
သူသဘောတကျပါပဲ။

မေ လို့ အရာအားလုံးပြီးပြည့်စုံ တဲ့
ကောင်မလေး ကိုပိုင်ဆိုင့်ခွင့်ရတဲ့
သူ ကိုယ့်သူ မယုံချင်စရာပါ။

ဘာမှမရှိနတ္ထိ ဖြစ်နေတဲ့ သူ့ဘ၀ ထဲကို
အရဲစွန့်ပြီး တိုး၀င်လာတဲ့ အချစ်ကလေး
ကို သူဘ၀ နဲ့ ချီပြီးစောင့်ရှောက်ကာကွယ်ပေးပြီး ချစ်ပေးရမည်။

စိုက်ကြည့်နေရင်း တစိမ့်စိမ့် ချစ်မ၀
ဖြစ်လာသလို့ အသဲယား လာတာကြောင့်
နီထွေးနေတဲ့ နှုတ်ခမ်းလုံးလုံး
ငုံ့၍ စုပ်နမ်း လိုက်သည်။

     "အင့်.."

သူ့ အနမ်းကြောင့် သူ့ဖက်ကို ကပ်ပြီး
ဘေးတစောင်းအိပ်မောကျနေတဲ့
ချစ်ရသူ လေး က လူးလွန့်လှုပ်ရှား ကာ
ဖိပိတ်ထားတဲ့ မျက်တောင်ဖျား လေးတွေ လှုပ်ခတ်လာသည်။

    "မောင် နိုးနေတာလား .."

မျက်လုံးဖွင့်လိုက်တာနဲ့ စန္ဒကူး ကို
ပြုံး၍ စိုက်ကြည့်နေတဲ့ မောင်ကြောင့်
နည်းနည်းအိုးတိုးအမ်တမ်း ဖြစ်သွားရ၏။

   "အင်း ..နိုးနေတာပေါ့ .."

   "မိုးလင်းနေပြီလား..ငါကို မနိုးပဲနဲ့
   ဘာလို့စိုက်ကြည့်နေတာလဲ ..."

 မောင်သည် သာ မေအရာရာWhere stories live. Discover now