Part. 15

1.8K 16 10
                                    

🌔မောင်သည်သာ မေအရာရာ🌓

    အပိုင်း..14

......!!.........!!

ခန့်ညားထည့်ဝါလွန်း တဲ့
ဆေးအပြာရောင်သုတ်ထားတဲ့ သုံးထပ်
တိုက်အိမ်ခြံအကျယ်ကြီး နဲ့ အတူ
မေတ္တာစံအိမ်လို့ ဆိုင်းပုဒ်ချိတ်ထားတဲ့
ခြံတံခါး ပေါက်မှာ ကားရပ် လိုက်တာနဲ့
စန္ဒကူးမေ ကားပေါ်က တုန်ရီစွာ ဆင်း လိုက်သည်။

  "ဉီးလေး ခဏလေး နော် .."

ရှင်းပေးစရာ ကားခ မပါလာတာမို့
ကားတက္ကစီသမား ကို ခဏ စောင့်ခိုင်း၍
ခြံတံခါး ဆီ လျှောက်လာကာ ဘဲလ်တီး
လိုက်သည်။

   " ဘယ်သူ နဲ့ ..အယ့် သမီးလေးပါလား.."

ထမင်းချက် ဒေါ်ထား  က ခြံတံခါး
လာဖွင့်ပေး သလို့ စန္ဒကူး ကိုလဲ
အားရ၀မ်းသာ ခေါ်လာ၏။

  "ကြီးထား မေမေ ရှိလား .."

   " ရှိတယ် သမီးလေး .."

" သမီး မေမေ နဲ့ ၀င်တွေ့ လိုက်ဉီးမယ်..
   ကြီးထား သမီး ကို ကားခ ခဏ စိုက်ရှင်းပေး ထားနော် .."

   "ရတယ် ရတယ် သမီး ..၀င်သွားလိုက်.."

စန္ဒကူး အားမာန်တင်းပြီး ခြံထဲကနေ
အိမ်ကြီးဆီ အပြေးတစ်ပိုင်း လျှောက်လာခဲ့သည်။

ကားဂိုဒေါင်မှာ ရပ်ထားတဲ့
သူမ စီးနေကျ ကား ကို တွေ့တော့
တစ်မျိုးလေး ဖြစ်သွားရသည်။

ဒီအိမ်ရဲ့ အဝေးမှာ နေတုန်း က
ရင်ထဲပေါ့ပါး လွတ်လပ် နေသလို့
အခုပြန်ရောက်လာတော့လဲ
တင်းကြပ်တဲ့ချည်နှောင်မူ က တိုးဝင်လာ
သလို့ အသက်ရှုကြပ်လာရသည်။

ဒေါ်ထိပ်ထားစံ ခြံထဲက တစ်ရွေ့ရွေ့
လျှောက်ဝင်လာတဲ့ စန္ဒကူးမေ ဆိုတဲ့
သမီးငယ် ကို ကြည့်ပြီး ခံပြင်းမူ တွေ
ရှိသော်လဲ ကျေနပ် မိသည်။

ဘာမဟုတ်တဲ့ ကောင် ကြောင့်
ဒီအိမ်ကို စွန့်ခွာသွားတဲ့ သမီး က
အခု အဲ့​ကောင်ကြောင့်ရတဲ့ သောက နဲ့
အတူ ဒီအိမ် ကို ပြန်ရောက်လာ၏။
ရောက်လာတာကလဲ ..ကောင်းသော
ရောက်လာချင်း မဟုတ်ပေမဲ့ ..
စီစဉ်ထားတဲ့ အကွက်ထဲကို အချက်ကျ
လက်ကျ ၀င်လာခဲ့တာပဲလေ....!

 မောင်သည် သာ မေအရာရာWhere stories live. Discover now