Part2

1.8K 55 3
                                    

🌓မောင်သည်သာ .မေ အရာရာ..🌓

      အပိုင်း ...2...

........!!.....

"မေတ္တာစံအိမ်.."

မေတ္တာစံအိမ် ဆိုသည့်ငြား လဲ
မေတ္တာတရားတွေ ကင်းမဲ့ရာဇုန် ကဲ့သို့
ခမ်းနားထည့်ဝါတဲ့ အိမ်ကြီး ရဲ့ ဧည့်ခန်းအတွင်း အေးစက်တည်တင်း နေတဲ့
မျက်နှာထား နဲ့ ထိုင့်နေသူက ဒေါ်ထိပ်ထစံ !

    "မေမေ ..အငယ်လေး ကို ဒီအတိုင်း
   လက်လွတ်လိုက်တေ့ာ မလား ..."

   စိုးရိမ်ပူပန်တဲ့ မျက်နှာထား နဲ့ မေးလာတဲ့ သမီးလတ် စုထိပ်ထား စကား ကြောင့် ဒေါ်ထိပ်ထားစံ မျက်နှာ မဲ့ ခနဲ့ ဖြစ်သွား၏။

   "မွဲချင်တဲ့ ခွေး ပြာပုံ့တိုးတာ လေ ..
   ငါ့က ဘာလုပ်ပေးရမလဲ ..."

  "ဒါပေမဲ့ မေမေ အငယ်လေး က
အပြင်လောကကြီး အကြောင်း ဘာမှနားလည်တာ မဟုတ်ဘူး .."

"ဟွန့် အပြင်လောကကြီးအကြောင်း
နားမလည်တဲ့ မိန်းမ က မိဘ ကို ခြေစုံကန်ပြီး ဘာမှသုံးစားမရတဲ့ ပိုင်းလုံ
ကောင်တစ်ကောင်ရဲ့ ရင်ခွင်ထဲ ပြေး
၀င်သွားတာလေ ..."

  "အငယ်လေး က ..."

  "တော်တေ့ာ သမီးလတ် .."

ထပ်ပီး အထွန့်တက်ချင်တဲ့ ခပ်တင်းတင်း ပိတ်ဟောက်ပြီး မျက်နှာကို
မော်ချီလိုက်၏။

တစ်ကိုယ့်လုံး တဖိတ်ဖိတ်တောက်လင်းလက်နေတဲ့ ရတနာ တွေ နဲ့ အတူ
မေမေ ရဲ့ မျက်နှာက မာနအတ္တအရောင်က တလက်လက် ။
ပြီးတေ့ာ အငယ်လေး လုပ်ရပ်က်ို
မေမေ က ရင်ခံ နေသလို့ လုံး၀ အလျော့မပေးဟန် ပေ။

ကြားက စုထိပ်ထား အငယ်လေး အတွက် ရင်မောသွားရသည်။

အငယ်လေးသတင်းကြောင်း
စုထိပ်ထား မိုးကုတ်က ရတနာဆိုင်ကို
ခင်ပွန်းဖြစ်သူ နဲ့ပဲ ထားရစ်ပြီး
ချက်ချင်း ရန်ကုန်ကို တက်လာတာ
ဖြစ်သည်။

မေမေ ဖက်က ကြည့်လျှင်လဲ
သူ့တစ်သက်လုံး ရေးဆွဲလာတဲ့ ဥပဒေပုဒ်မ ကို အငယ်လေး က ဖျက်ဆီးသွား
တာကြောင့်လဲ စိတ်အရမ်းဆိုးနေတာမို့
အငယ်လေး ဖက်လိုက်ကာကွယ်ပြီး
မပြောရဲ။

 မောင်သည် သာ မေအရာရာWhere stories live. Discover now