Part.25

1K 33 2
                                    

🌔မောင်သည်သာ မေအရာရာ🌓

    အပိုင်း...25

.......!!.......!

" ဒီဒီ.."

" ကိိုကိုက ခြံထဲ ရောက်နေတာကိုး
   မယ် က ထမင်းစားမလို့ ခေါ်ခိုင်းလိုက်တာ ကိုကို .."

" အော် အင်း .."

" ကူးငယ် ငိုထားတာလား .."

နဒီ ကူးငယ် နဲ့ ရုပ်ချင်းဆင်နေတဲ့ လူကို
မျက်၀န်းလွှဲလိုက်ပြီး ငိုထားလို့ မျက်ရည်စီးကြောင်း ဖြစ်ကာ မျက်တောင်ရှည်ကော့ကော့မှာမျက်ရည်စ တွေ ကျန်သေးတဲ့ တူမ ဖြစ်သူ ကို စိတ်ပူစွာ အရင်မေးရ၏။

   ပြီးတေ့ာ ကူးငယ် နဲ့ အတူ ရှိနေတဲ့
  နန်းတွယ်တာလင်း ရဲ့ အကို ဆိုသူကိုလဲ သင်္ကာမကင်း ပြန်ကြည့်လိုက်သည်။

ထိူ့လူကလဲ ချောမောပြီးတည်ကြည်
ခန့်ညား တဲ့ ရုပ်ရည်ရှိပေမဲ့ ကူးငယ် ကို မျက်လုံးစင်းကာ ခပ်တည်တည် ကြည့်နေတာကို နဒီ သဘောမကျပါ။

   " ကူးငယ် က ပန်းခူး မလို့ ဒီဒီ ရဲ့
   အ့ာဒါ မမှီလို့ ခုန်လိုက်တာ ပန်းအိုးကို
တိုက်မိပြီး ကျကွဲသွားတာ လန့်သွားလို့
  ငိုလိုက်တာ  ..ဒီဒီ .."

မျက်လုံးဝိုင်းဝိုင်းကတလက်လက်၊
နှုတ်ခမ်းလုံးလုံးကို ထော်နေအောင်
ချစ်စဖွယ် ပြောနေတဲ့ ကလေးမလေးဟာ တစ်ကယ့် မေ နဲ့ တူလွန်းသည်။

မိုးပြာရောင် ဂါ၀န် လက်ဖောင်း
ကာကာ လေး က ဒူးအထိ ရှည်သလို့
ခြေသလုံး ဖွေးဖွေး မှာ ရှူးဖိနပ် အပြာ
ရောင်လေး က တူညီစွာ စီးထားသည်။

ဂုတ်အထိထောက်နေတဲ့ ဆံပင်ရှည်ပျော့ပျော့ ကို နှစ်ဖက်ခွဲပြီးစည်း ထား သလို့ ဆံမြိတ်ပါးပါး လေးလဲ ချထားသေး၏။

သန့်သန့်ရပ်ရပ်နေတဲ့ တစ်ကယ်
ဖြူဖြူဖွေးဖွေး နဲ့ မင်းသမီး ပေါက်စ
လေးလို့ပါပဲ။

မေ ရဲ့ သမီး ကို ကြည့်ရင်း အံဥဿထူး
အူယားလာသလို့ ပါးဖောင်းဖောင်း ကို
ဆွဲဖျစ် ချင်လာသည်။

  " အ့ာဒါ ကူးငယ် ငိုသံကြားလို့
  အ့ာဦးဦး က ရောက်လာတာ ...ဒီဒီရဲ့ .."

" အော် .."

စကားတတ်စွာ ပြန်ရှင်းပြနေတဲ့
ကူးငယ် ကြောင့် နဒီ အားနာစွာ
ပြုံးပြရသည်။

 မောင်သည် သာ မေအရာရာWhere stories live. Discover now