Part.23

840 23 1
                                    

🌒မောင်သည်သာ မေအရာရာ🌑
 
   အပိုင်း..23

....  !.........!

  တုန်ယင်နေတဲ့ ရင်အစုံက မနက်အိပ်ရာနိုးတည်းက ဖြစ်သည်။
ခရီးပန်းသွားလို့ လူက မူးနောက်ပြီး
မလန်းဆန်း ပေ ။
ခေါင်းထဲလေးလံ ကိုက်ခဲ့နေ၏။

သမီး ကိုကျ နဒီ က အိပ်ရာနိုးတည်းက
ပြင်ဆင်​ပေးပြီး မနက်စာဆင်းကျွေးနေတာဖြစ်၏။

စန္ဒကူး အိပ်ရာနိုးတေ့ာ လန်းဆန်းသွားအောင် ရေချိုး လိုက်ပြီး မိတ်ကပ်ပါးပါး လိမ်းခြယ်ကာ နှုတ်ခမ်းနီ ခပ်ဖျော့ဖျော့
ဆိုးလိုက်၏။

ပြီး မှ ခရီးဆောင် အိတ်ထဲ က
ဇင်းမယ် ချည်၀မ်းဆက်ကို ထုတ်၀တ်လိုက်ပြီး ဆံပင်ရှည် က တစ်ဝက်ခွဲ စီး
လိုက်၏။

နဒီ ဘွဲယူရမယ် နေ့က ကြား မှ ၄ရက်လောက် လို့သေး၏။
ဘွဲ့ယူ လိုက်ပေးဖို့ အ၀တ်အစား တွေ
ကြိုတင့်ပြင်ဆင်လာသလို့ အားလုံးက
အဆင်သင့် ပေ။
တမင် အချိန်စောပြီး ထွက်လာကြတာ
ဖြစ်သည်။

စန္ဒကူး အားလုံးပြင်ဆင်ပြီးတေ့ာ
သမီးနဲ့ နဒီ က အခန်းထဲ ၀င်လာ၏။

   " မေ့ ရေ .."

"မနက်စာ စားခဲ့ကြပြီးပေါ့ .."

" ဟုတ် မေ့ နန်းကြီးသုပ် စားလာတယ်..
   နွားနို့ပူပူနဲ့ .."

" မမ အတွက် ပါဆယ် ၀ယ်လာခဲ့တယ်
   နဒီ ထည့်ပေးမယ်လေ .."

" တော်ပြီ နဒီ ရဲ့ မမ ရင်ပြည့် နေလို့ .
   အဆင်သင့် ဖြစ်ရင် သွားကြရအောင်လေ ..မသူဇော် တို့ကရော့ ..."

  " အမေ တို့က လူကြုံ ထည့်ပေးလိုက်တဲ့ ပစ္စည်း ကို သွားပို့ပေးတာ ..၀င်စရာ ရှိသေး လို့တဲ့ ထွက်သွားပြီး.."

   "  အော် အင်း .သွားရအောင်လေ.."

စန္ဒကူး တို့ သုံးယောက် ဟိုတယ် က ထွက်လာပြီး တက္ကစီငှားကာ
စန္ဒကူး မေတ္တာစံအိမ် ရဲ့ လမ်းနာမည် နဲ့ အိမ်နံပါတ် ကို ရွတ်ပြ၏။

ကားပေါ်မှာ သမီးလေး က တတွတ်တွတ်နဲ့ စကားပြောနေကြပေမဲ့ ..စန္ဒကူး လမ်းပေါ် ကို တိတ်ဆိတ်စွာ ငေးကြည့်ပြီး
အသံတိတ် စိတ်လှုပ်ရှား မှု ပြည့် နေ၏။

 မောင်သည် သာ မေအရာရာWhere stories live. Discover now