🌔မောင်သည်သာ မေအရာရာ🌓
အပိုင်း .. 28...
.........! .........!
အပြင်မှာ မိုးစဲသွားသလို့ ခပ်သဲ့သဲ့
မိုးစက်တွေသာ တစ်စွန်း တစ်ပေါက်
ကျနေတေ့ာသည်။စန္ဒကူး တို့ ရဲ့ မေတ္တာစံအိမ်ကြီးမှာ
စန္ဒကူး အခန်းမှ လွဲရင် အားလုံးမီးပိတ်
တိတ်ဆိတ်နေသလို့ ...လမ်းတစ်လျှောက်လဲ တိတ်ဆိတ်နေ၏။စန္ဒကူး လက်မှာ ပတ်ထားတဲ့ နာရီ ကို
ငုံ့ကြည့်တေ့ာ ၁၀နာရီ ကျော်ပြီး ဖြစ်သလို..မောင်ရော့ စန္ဒကူး ပါ မိုးရေစိုနေပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျစ်နေအောင် ဖက်ထားတာကြောင့် အနွေးဒဏ်ရရှိနေတာမို့ ချမ်းရမှန်း ပင် မသိပေ။စန္ဒကူး ခါး ကို လက်နှစ်ဖက်ယှက်ကာ
ဖက်ထားသလို့ သူမ ရင်ခွင်ထဲ ခေါင်းဝှေ့
တိုး၀င်နေတဲ့ မောင် ဆီက အသက်ရှုသံ
ကလွဲရင် ဘာစကားတစ်ခွန်း မှ ပြော မလာပေ။" မောင် .."
" မောင် တောင်းပန်ပါတယ်.."
တစ်ပြိုင့်တည်း ထွက်ပေါ်လာသည့်
စကားနှစ်ခွန်းဟာ ကွဲလွဲ့နေ၏။ငါက မောင် အအေးမိပြီး ဖျားမှာ စိတ်ပူသွ။
မောင် ကျ သူကိုယ့်သူ သိမ့်ငယ်ချင်း
အပြည့် နဲ့ တောင်းပန်ခယ၏။စန္ဒကူး မောင် ကို ငုံ့မကြည့်မိအောင်
စိတ်ကို တင်းထားရင်း အောက်နှုတ်ခမ်းသား ကို ဖိကိုက်၏။ကလေးတစ်ဖက်နဲ့ လောကဓံကို
ရင်ဆိုင့်လာရသူမို့ ဒီလောက်မျှတေ့ာ
စန္ဒကူး မမှုပေ။မောင် ဘာအတွက်တောင်းပန်လဲ
စန္ဒကူး သိသည်။သို့ပေမဲ့လဲ ....!
" ဘာလို့ တောင်းပန်တာလဲ မောင် .."
" ဒီငါး နှစ်လုံးလုံး မေ ကို မောင်
လာမရှာ ခဲ့မိတဲ့ အတွက် ..."စန္ဒကူး နှုတ်ခမ်းတွေ လွင့် ခနဲ့ ပြုံးကာ
နာကျင် မှု ကို ဖုံးဖိ၏။" ပြီးခဲ့တာတွေ ထားလိုက်ပါလား ..
ငါ ပြန်မတွေးချင်တေ့ာဘူး မောင် ..."" မောင် ...မောင် က..မောင် က .."
အံဥဿထူး ပြောမည့်စကား ကို
ပြောမထွက်ပဲ စန္ဒကူး မျက်နှာ ကို
မဝံရဲစွာ မော့ကြည့်သည်။