Part9

413 3 0
                                    

🌓မောင်သည်သာ မေအရာရာ 🌓

      အပိုင်း...9

......!!.........

"သမီး ဒီအထည်ပြီးရင် ခဏနားတော့လေ ..မျက်စိညောင်းနေလိမ့်မယ် ..
နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်လိုက်ပါလားဟ..."

   "ရပါတယ် မယ် ..သမီး မပင်ပန်းပါဘူး .."

"မမ ညနေ့ကျ ကိုကို အလုပ်က ပြန်လာရင် တွယ်တာ တို့ အပြင်ထွက်လည်ကြရအောင်လေ .."

"တွယ်တာလေးက ကြူရှင် မသွားရဘူး လား .."

"မသွားရဘူး မမ ဒီနေ့ပိတ်တယ်လေ "

"အင်း တွယ်တာလေး ကိုကို လာရင်
  မမ ပြောကြည့်မယ်လေ ..အရမ်းကြီး
လဲ မပူဆာချင်ဘူး ညီမလေး ကိုကို က
  တစ်နေ့ကုန် အလုပ်ပင်ပန်းလာတာ လေ နော် .."

  "ဟုတ်မမ .."

နေ့လည်ခင်း အပြင်မှာ နေခြစ်ခြစ်တောက် ပူနေတာ မို့ တွယ်တာလေး က
ကျောင်းပိတ်ရက် ဖြစ်တာကြောင့် အပြင်ထွက်မဆော့ပဲ
စန္ဒကူး ဘေး နား ထိုင့်၍ သူမ နဲ့ အတူ
မယ် ချုပ်ပြီးသား အပ်ထည်ကို လက်ချုပ်လိုက်ပေးနေတာ ဖြစ်သည်။

မောင်မေမေ ရဲ့ အထည်ချုပ်လက်ရာကသေသပ်ပြီး ၀တ်ကောင်းတာမို့
အထည်အပ်သူ များ၏။

စန္ဒကူး အိမ်မှုကိစ္စတွေ လုပ်ပြီးတာနဲ့
မောင် အမေ ကို ၀င်ကူနေကျ ဖြစ်သလို့
အခုဆို စက်နင်းလို့လဲ တတ် ပြီး
အင်္ကျီချုပ်နည်းကို လဲ တဖြည်းဖြည်း
သင့်ယူ နေတာ ဖြစ်သည်။

  "ဒါနဲ့ သမီးမေ ဒီလကုန်ပြီးရင်
ကျောင်းပြန်ဖွင့်တော့မှာဆို ...
သမီး ကျောင်းတက်ဖို့ ကိစ္စ သား ကို
ပြောပြီးပြီးလား ကွယ် ..."

  "ဒီတစ်နှစ် သမီး ကျောင်းနားလိုက်မလို့
   မယ် ..ဘွဲယူဖို့လဲ ကြားမှာ တစ်နှစ် ပဲ ကျန်ပြီး ဆိုတော့ သိပ်လောစရာ မရှိတော့ပါဘူး .."

  "ဘာလို့ သမီး .သား ကို အားနာလို့လား .."

  "မောင် ကို အားနာတယ် ဆိုတာထက်
မောင်အခုလို့ ပင်ပန်းနေတာ မကြည့်ရက်ဘူး မယ် ...မောင်ကို လဲ အပူ မပေးရက်ဘူး .."

"လင်နဲ့မယား ဖြစ်နေပြီးပဲကွယ် ..
အပူ ဆိုတာ ဘယ့်ဟုတ်ပါ့မလဲ ...
သမီး ကျောင်း ဆက်မတက်ရင်
သား က လက်ခံမှာလား ...ပြီးတော့
သမီးမိဘ တွေ သိရင် လဲ ဘယ်ကောင်းပါ့မလဲ .."

 မောင်သည် သာ မေအရာရာWhere stories live. Discover now