Part19

353 3 0
                                    

🌔မောင်သည်သာ မေအရာရာ🌓

     အပိုင်း ..19

..........!..........!!

  " စန္ဒကူး ..ညီမ ..စန္ဒကူး .."

မသူဇော် အခုထိ သတိမရလာသေးတဲ့
စန္ဒကူး ကိုကြည့်ပြီး မျက်စိမျက်နှာပျက် ကာ အနားမှာ အမြန်သတိရလာအောင်
တတွတ်တွတ် ခေါ်နေ၏။

ခွဲခန်း က ထွက်လာတည်း က
သတိမရသေးတာ ၂နာရီ ပင် ပြည့်တေ့ာမည်။

ဒေါက်တာ ပြောတာ က မေ့ဆေးဒဏ်ရယ် ပြီးတေ့ာ ဗိုက်နာ ထားတဲ့ အရှိန်နဲ့ရော့ ပြီးပင်ပန်းကာ  အိပ်မော ကျနေတယ် လို့ ပြောပေမဲ့ အသက်ပင်ပြည့်ဝ
စွာ မရှုရဲသေးပါ ။

စန္ဒကူး ရဲ့ ကလေးလေး ဟာ
သမီးလေး ဖြစ်သလို့ တစ်ကယ့်
ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲ
ပေါင်ပြည့် လေး ပင် ဖြစ်၏။

မျက်နှာပုံပန်းသဏ္ဌာန်ကျ တေ့ာ
စန္ဒကူး နဲ့ မဆင်ပဲ ကွဲ ပြား နေသလို့။
ဖအေ နဲ့ တူတာ ဖြစ်ပေမည်။

သမီး နဒီ တေ့ာ သူတူမလေး ကို
အချစ်သည်း စွာ ခွဲခန်း ထဲက ထွက်လာတည်း က အနားကပင် မခွာ။

အခုလဲ ဓာတ်ကင်သည့် အခန်းထဲ
လိုက်ပြီး သွားစောင့်နေတာ ဖြစ်၏။

   " မိန်းမ စန္ဒကူး ကို ခေါ်ကြည့်ပါဉီး.."

မသူဇော် ယောင်္ကျားလဲ သူမနည်းတူ
စိတ်ပူပန်ဟန် ရှိသည်။

မသူဇော် တုန်း က ရိုးရိုးမွေးတာကြောင့်
ဒီလောက် မစိုးရိမ်ခဲ့ရ။

  "ညီမ စန္ဒကူး ..ညီမ .အစ်မ ခေါ်နေတာ
  ကြားလား ..စန္ဒကူး .."

"အင့် ."

စန္ဒကူး အသံ တိုးတိုး ကြောင့်
မသူဇော် ရော့ သူမ ယောင်္ကျား ပါ
ပြုံးသွား ကြ၏။

  " စန္ဒကူး အစ်မ ခေါ်နေတာ ကြားရဲ့လား ...ညီမ .."

    " အင်း ..မ .မသူဇော် ..ရေ ..ရေ ဆာ တယ် ."

မျက်လုံး ဖြေးညှင်းစွာ ဖွင့်လာပြီး
ရေ အရင် တောင်းသောက် လာတာ မို့
မသူဇော် ရေဘူး ယူလိုက်ပြီး ပိုက်တပ် ကာ ..!

" ညီမ ဖြည်း ဖြည်း သောက် နော် .."

   "အင့် ..ကျစ် .."

 မောင်သည် သာ မေအရာရာWhere stories live. Discover now