part4

1.5K 42 0
                                    

🌓 မောင်သည် သာ မေ အရာရာ.🌓

       အပိုင်း ...4

အမှောင်အနည်းငယ် ပါသည်။
အဆင်မပြေရင် ကျော်ဖတ်ပေးပါ။
.........!!........

  " မောင် ပြန်လာပြီ ..."

ခြံ၀ က မောင် ဆိုင်ကယ်သံ နဲ့ မောင်အရိပ်လေး ကို မြင်လိုက်ရတာနဲ့
စန္ဒကူး လန်းဆန်းစွာ လှေကား က
နေ ခြံထဲ ဆင်းပြေး လာခဲ့သည်။

    " မေ ဘာလို့ ပြေးလာရတာလဲ ..
     ချော်လှဲ နေမှ ဖြစ် ..."

ဆိုင်ကယ် ကို စက်မသတ်ပဲ ဒေါက်ထောက်၍ အရင်ဆင်းကာ သူ့ဆီ ပြေးလာတဲ့ ချစ်ဇနီး ကို ဆီးကြို့ဖက်ရင်း
ဒေါသအသံမပါ မာန်မဲရ၏။

   " မြေတွေ ဒီလောက်မာနေတာ
     မချော်လှဲပါဘူး မောင် ရဲ့ ..
    ဒါနဲ့ မောင် ပင်ပန်းလာ လားဟင် ..
   အလုပ်ထဲရော့ အဆင်ပြေရဲ့လား .."

နဖူးကို သူမ လက်ဖမိုး နဲ့ ချွေးစ တွေကို
  သုတ်ပေးရင်း ပြုံးကာ မေးလာတဲ့
ချစ်ရသူ ကြောင့် အံဥဿထူး မျက်နှာ
ကွက်ခနဲ့ ပျက်သွားသည်။

သို့သော် ခဏလေးအတွင်း
မေ သတိမထားမိအောင် ပြုံး လိုက်ကာ ...!

" မောင် မိန်းမလေး ကို တွေ့ရတေ့ာ
   အမောကို ပြေသွားတာပဲ . မွစ့်.."

စကားပြောရင်း မေ နဖူး ကို ငုံ့နမ်းတေ့ာ
နှာဖျားလုံးလုံးက ချက်ချင်း အနီရောင်သမ်းလာသည်။
ရှက်တတ်တာလဲ လွန်ရော့။

   " မောင်ကလဲ လူမြင်ကွင်း မှာ.."

   " အ့ာ မောင်မိန်းမ ကို မောင်နမ်းတာကိုး ..ဘာဖြစ်လို့လဲ ဗျာ .."

   " ဟွန်း..အရှက်ကိုးမရှိဘူး .."

    "ဟာဗျာ .."

မျက်စောင်းလှလှက သူ့ရင်ဘတ်ကို
အရှိုက်ထိပြီး စိတ်ညစ်နေသမျှ အားလုံး
ပြေပျောက်သွားသလို့ပင်။

   "မောင် .."

   " ဗျာ .."

" မောင် မောလာတာမလား  ..ငါ ရေခပ်ပေးမယ်နော် ..ပြီးရင် ရေချိုးပြီး ထမင်းအတူစားရအောင် ..."

  "ဟုတ်ပါပြီဗျာ .."

ဆိုင်ကယ်စက်သံ ပြီး သော့ဖြုတ်တေ့ာ
စန္ဒကူး က အလိုက်သိစွာ သူ့ဆီက
ဘေးလွယ်အိတ်ကို ယူလေတေ့ာ
သူ့ဘာမှမပြောပဲ ပေးလိုက်၏။

 မောင်သည် သာ မေအရာရာWhere stories live. Discover now