Part.29

1K 22 0
                                    

🌔မောင်သည်သာ မေအရာရာ🌓

        အပိုင်း..29

.........!!................!

"ငါညီမ က  လှလိုက်တာ.."

   "ဒီဒီက အရမ်းလှတာပဲ .. ကူးငယ်
   လူမှားသွားတယ် သိလား .."

ညို့စိမ့်စိမ့်အသားအရေနဲ့ လိုက်ဖက်စွာ
ချိတ်လိုင်းကြီး တွေ ပါတဲ့ ထမိန်နဲ့ နံသာရောင် မြန်မာရင်စေ့ လက်ရှည် နဲ့ နဒီ က
ကြည့်လို့ လှနေ၏။

   ဒီနေ့ နဒီဘွဲ့ယူတဲ့နေ့မို့ စန္ဒကူး တို့ သားအမိအပြင် မနက်တည်းက ဖင်တကြွကြွ ဖြစ်နေတဲ့ ကိုကြီးက ထိပ်ဆုံးကပင်။

အခုလဲ မသူဇော် တို့ လင်မယားအလှစ်မှာ  လက်ကိုင့်ပုဝါထုတ်ကာ နဒီ ရဲ့
နဖူး က ချွေးစ ကို သုတ်ပေးနေ၏။

    ."ကိုကြီး ဘယ်လို့ ဖြစ်နေတာလဲ..."
.
နဒီ ဒီလူကြီး လုပ်ရပ်ကြောင့်
မမစန္ဒကူး နဲ့ ကူးငယ်လေး ကို မျက်နှာ
ပူစွာ မျက်ရိပ်မျက်ကဲ ပြ၏။

စန္ဒကူး က နားလည်ပေးစွာ
တစ်ဖက်လှည့်ကာ ပြုံး၏။

ကိုကြီး နေဗလ က ဂျယ်လ်ရွဲအောင်
သ ထားတဲ့ ဆံပင် ကြားထဲ လက်သွင်း
ကာ ဖွဖွ ကုတ်၏။
ပြီးမှ စပ်ဖြဲဖြဲ မျက်နှာပေး နဲ့ ပြုံးကာ...!

   " နောက်ဆိုလဲ သိရမှာပဲ ..
   ကြိုပြီး ပြောပြထားရင် ပို့မကောင်းဘူး
လား .."

" အငယ်လေး ..နဒီ နဲ့ ကိုကြီး က
  မေတ္တာမျှ နေကြတာ တစ်နှစ်ကျော်နေပြီး .."

"  ကိုကြီး .."

နဒီ က မျက်နှာပူစွာလှမ်းတားသည်။
စန္ဒကူး ကာ ပြုံးလိုက်ကာ..!

"  မမသိပါတယ် .."

  "အငယ်လေးက သိနေပြီးသားလား.."

"အွန့် ကိုကြီး က ဒီလောက် အဖြစ်သည်း
  ပြနေတာ ညီမလေး က မသိပဲ နေမလား.."

"အ့ာ အရမ်းသိသာသွားတာလား.."

ကိုကြီး ရှက်သွားဟန် ရယ်ကျဲကျဲ လုပ်၏။

  "နဒီ .."

"ရှင်မမ .."

  စန္ဒကူး နဒီ ရဲ့ လက်ဖျား ကို ဆွဲယူကာ
ခေါ်ရင်း ပြုံးပြ၏။

" နဒီ က မမတို့သားအမိရဲ့ ကျေးဇူးရှင်ဖြစ်သလို့ ချစ်ရတဲ့မိသားစု၀င်တစ်ယောက်ပဲ ..နဒီ ကို မမ ညီမလေး တစ်ယောက်လို့ ချစ်တာ သိတယ် မလား..."

 မောင်သည် သာ မေအရာရာWhere stories live. Discover now