The End

3K 67 2
                                    

🌑မောင်သည်သာ မေအရာရာ🌑

    ဒုတိယပိုင်း (ဇာတ်သ်ိမ်း)

..........!!!..............!

"သမီးလေး လာ .."

ဆေးရုံ၀န်းထဲ ကားရပ်လိုက်တာနဲ့
ကားတံခါး ကိုဆွဲဖွင့်ပြီး စန္ဒကူး သမီး
လက်ကို ဆွဲကာ ဒရောသောပါး ၀င်ပြေးလာခဲ့သည်။

ညဖက် ဖြစ်နေတာကြောင့် ဆေးရုံ၀န်းကျင် က တိတ်ဆိတ်နေသလို့ လူ လဲ နည်းပါးနေ၏။
မြို့နယ် လေးရဲ့ ဆေးရုံမို့ လူနည်းပါးတာလဲ ဖြစ်၏။

သမီးလေး လက်ကို ဆွဲရင်း
အထဲရောက်တာနဲ့ ဆေးကောင်တာ က
သူနာပြုဆရာမလေး ဆီ အရောက်သွား ကာ...!

"ဆရာမ ကားအက်ဆီးဒင့် နဲ့ ရောက်လာတဲ့ လူနာ ဘယ်အခန်းမှာလဲ ဟင် ..."

   " အော် အမြန်လမ်းမှာ ယာဥ်တိုက်ပြီး
    ရောက်လာတဲ့ လူနာ လား .."

" ဟုတ်ကဲ့ ဆရာမ ..အခြေနေကောင်းရဲ့လား ရှင် ..ကျမ အဲ့လူနာရဲ့ ဇနီး ပါ .."

   "အို့ ."

ဆရာမလေးက စန္ဒကူး မေးခွန်းကြောင့်
မျက်နှာပျက်သွားကာ ဂရုဏာသက်ဖွယ် ​ြကည့်လာသည်။
ပြီးမှ တစ်ဖက် က သူနာပြုက်ို ကြည့်လိုက်ပြီး ...!

   " ဆရာမ ဒီအမျိုးသမီးက အမြန်လမ်းမှာ ယာဥ်တိုက်မူဖြစ်တဲ့ လူနာ ရဲ့ ဇနီးတဲ့ .."

"ဟယ် ငယ်ငယ်ချောချောလေးပဲ .."

"စိတ်မကောင်းစရာပဲ . လူနာ ဆီ လိုက်ပို့ပေးလိုက်ဦး နော် .."

ဆရာမ နှစ်ယောက်လုံးက စန္ဒကူး ကို
သနားစဖွယ် မျက်၀န်း နဲ့ ကြည့်လာတာကြောင့် သူမ ရင်ထဲ ပိုထိတ်လန့်လာရသည်။

!စိတ်မကောင်းစရာဆိုပါလား ..!

  "ဆရာမ ..သူ ..သူ အခြေနေ ကောင်းရဲ့လား ဟင် .."

  " ဒီက ဆရာမလေး လိုက်ပြပေးပါလိမ်မယ် ..အနောက်က လိုက်သွားနော်"

အရှေ့က ဆရာမ ဦးဆောင် ခေါ်လာတဲ့
အနောက်ကို ရင်တထိတ်ထိတ် နဲ့ လိုက်လာခဲ့ရင်း အခန်း တစ်ခန်း အရှေ့ ရောက်လာ၏။

   "ဒါက .."

စန္ဒကူး မျက်၀န်းတွေ ပြာသွား၏။
သမီးလက်ဖျားကို ဆုပ်ကိုင့်ထားတဲ့
လက်ချောင်းနဲ့ အတူ ရင်တစ်ခုလုံးတင်းကြပ်ကာ အသက်ပင်ရှူလို့မ၀တေ့ာ။

 မောင်သည် သာ မေအရာရာWhere stories live. Discover now