part10

1.1K 33 0
                                    

🌓မောင်သည်သာ အရာရာ 🌓

     အပိုင်း ...10

.......!!.......!

အိမ်ထောင့်သက် 2လပြည့် ခါ့နီး
အထိ မောင်နဲ့ စန္ဒကူး ရဲ့ အိမ်ထောင်ရေး
ဟာ အစစအရာရာ အဆင်ပြေ သာယာ
ခဲ့သည်။

မောင်ဟာအိမ်ထောင့်ဦးစီးကောင်း
တစ်ယောက်ပီသ ခဲ့သလို့
စန္ဒကူး အတွက်လဲ သူ့တတ်နိုင့်သလို့
လို့အပ်တာဖြည့်ဆည်း ပေးသည်။

အလုပ်မှာဘယ်လောက်ပဲ ပင်ပန်း
ပင်ပန်း စန္ဒကူး အရှေ့ ရောက်ရင်
မောင် ရဲ့ အပြုံးနွေးနွေးဟာ အသက်၀င် လန်းဆန်း ကာ ကြည့်ကောင်း၏။

ငွေ မရှိရင် မပြည့်စုံဘူး လို့
ဘယ့်သူ ပြောခဲ့လဲ စန္ဒကူး မသိခဲ့ပေမဲ့
မေတ္တာတရားလွှမ်းခြုံ ထားတဲ့
အိမ်မှာ ရှိနေရတာ စန္ဒကူး အရာရာ
စိတ်အေးချမ်းသာ ၏။

  ဒီနေ့ လဲ မောင် အမေ နေ့သိပ်မကောင်းတာကြောင့် ညနေ့ဖက် စန္ဒကူး ပဲ မီးဖိုချောင် ၀င်ချက် ဖြစ်ခဲ့သည်။

မယ် ကိုတေ့ာ ဆေးသောက်ပြီး
အိပ်ရာထဲမှာပဲ နားနေစေသည်။

ညနေ့စာ ထမင်း တစ်အိုး မီးသွေးမီးဖို
နဲ့ ချက် ထားပြီး မောင်ကြိုက်သည့်
ဆိုလို့ မယ် ၀ယ်လာသည့် အမဲသားပြုတ်ထားတာ ကို အရွယ်တော်တုံးပြီး
ပြန်ကြော်လိုက်သည်။

မောင် က ငါးကြော် တို့ အမဲသားကြော်
တို့ဆိုရင် သိပ်ကြိုက်သည် ။

စန္ဒကူးကျ အသားဟင်း ဒီလောက်
မစားတတ်။

ကြက်သား တစ်မျိူးနဲ့ ပင်လယ်စာပဲ စားတတ်ပြီး ခြေလေးချောင်းထဲမှာဆိုရင်
၀က်သား ပင် သိပ်မစား။
အသီးအရွက် ကို ပိုစားတတ်သည်။
မောင် ကျ အသီးအရွက် မကြိုက်တတ်ပါ။

အမဲသား ကို ဆီပူပူ ထဲ ထည့်ကြော်၍
ပြုံးလိုက်မိသည်။

ဆီပူစင် မှာလဲ မကြောက်တတ်တေ့ာ။
အမဲသား ကြော်ပြီး ချဥ်ပေါင်ရွက် ဟင်းချို ချက်ကာ ပန်းကော်ဖီ ကို ကြက်ဥ နဲ့ ထည့်ကြော်ကာ အပေါ့အငန်
မြည်းကာ အရသာခံ ၍ ကိုယ့်ချက်သည့်
ဟင်း ကို ကိုယ့်ဘာသာအကြိုက်တွေ့
နေသည်။

အခုမှ စန္ဒကူး က အိမ်ရှင်မ တစ်ယောက်နဲ့ ပိုတူလာသလို့ ခံစားရသည်။

 မောင်သည် သာ မေအရာရာWhere stories live. Discover now