Part18

309 2 0
                                    

🌔မောင်သည် သာ မေအရာရာ 🌓

       အပိုင်း ..18

.........!..........!!

"မေမေ .."

ခေါင်းထဲမူးဝေ နှောက်နေပြီး
ဆီးချို ထိုးတက်နေတာကြောင့်
ဆေးသောက်ပြီး အိပ်ရာထဲ လှဲနေတဲ့
ဒေါ်ထိပ်ထားစံ သမီးလတ် ခေါ်သံ ကို
ကြားသော်လဲ လှည့်မကြည့်ပဲ ကျော့ခိုင်း
ထား၏။

     "မေမေ သက်သာလားဟင် .."

     "ဆေးရုံ သွားကြမလား ..."

   မေးခွန်းတွေက ဆက်တိုက်မို့
ဒေါ်ထိပ်ထားစံ မဖြေချင်သော်လဲ
မဖြေတကြား မေးလာမည့်ကို သိတာမို့ ..!

"ဘယ်တုန်းက ရောက်လဲ .."

"မေမေ နေ့မကောင်းဘူးဆိုလို့
ဒေါ်သန်း ဖုန်းဆက်လာလို့ သမီး အားချင်း လာခဲ့တာ..."

  "အငယ်လေး သတင်း ဘာကြားသေးလဲ ..အစအနလေး ဘာလေး မရဘူးလား.."

အငယ်လေး ပျောက်ချက်မလှ ပျောက်
သွားခဲ့ပြီးတည်း က သမီးငယ်စိတ်နဲ့
မေမေ အိပ်ရာထဲ လှဲတော့သည်။

စုထိပ်ထား ကိုလဲ စကားမပြောတော့။
မေးရင် ဖြေ ဒီလို့သဘောနဲ့ဆက်ဆံခဲ့၏။
အငယ်လေး အိမ်က ထွက်သွားတာ
စုထိပ်ထား လက်ချက် ဆိုတာ မေမေ
တပ်အပ်သိ၏။

စုထိပ်ထား လဲ ညီမလေး စိတ်ဆင်းရဲပြီး
တတွေတွေ တမှိုင့်မှိုင့် ဖြစ်နေတာကို
မကြည့်ရက်တာကြောင့် စိတ်ချမ်းသာပါစေ ဆိုပြီး ခွင့်ပြုပေးခဲ့တာပါ ။

အခုတော့ ..ပြန်တွေးတိုင်း နောင်တရသည်။
ကိုယ့်ပါး ကိုယ် ပြန်ရိုက်ချင်သည်။

အငယ်လေး ထွက်သွားတဲ့ နေ့မှာပဲ
အံဥဿထူး ကို နိုင်ငံခြား ထွက်သွားတာတဲ့။

အငယ်လေး ပါသွားလား ဆိုပြီး
မေမေ စုံစမ်းခဲ့သော်လဲ အံဥဿထူး
တစ်ယောက်တည်း ဆိုတာ သိခဲ့ရသည်။

အံဥဿထူး အိမ်ကို အငယ်လေး
ရောက်ခဲ့သည်တဲ့။
သို့ပေမဲ့ မျှော်လင့်ထားသလို့ မဟုတ်ပဲ
ညီမလေး တစ်ယောက်တည်း ပြန်ထွက်သွားခဲ့တာတဲ့။

ထို့နေ့က နောက်ဆုံးပါပဲ။
နေရာအနှံ လူတြွေဖန့်ကာ ညီမလေး ကို
လိုက်စုံစမ်းခဲ့၏။

 မောင်သည် သာ မေအရာရာWhere stories live. Discover now