Part.26

359 2 0
                                    

🌓 မောင်သည်သာ မေအရာရာ🌔

     အပိုင်း ...26

.......!........!

" တီ တီ တီ တီ ..."

ဝတီပွင့်ဇော် ရေချိုးပြီးတော့မှ
အ၀တ်အစားလဲဝတ်နေရင်း
မှန်တင့်ခုံပေါ်မှာ တင့်ထားတဲ့ ဖုန်းက
လိုင်း ဖွင့်ထား တန်းလန်း မို့
Messager က ဖုန်းခေါ်လာတာကြောင့်
မျက်မှောင့်ကြုတ် လိုက်၏။

ဗိုက်ဖုံးဂါဝန် အင်္ကျီ ကို ပေါ့ပေါ့ပါးပါး
ယူဝတ်လိုက်ပြီး ဖုန်းဆီ လျှောက်လာကာ ယူကြည့် လိုက်တော့
ထိုင်း ကျောင်းတက်တုန်း ခင်မင်ခဲ့တဲ့
ဘန်ကောက် က ထိုင်းမလေး ဖြစ်နေ၏။

ကျောင်းပြီးတည်းက အဆက်သွယ်
ပြတ်နေတာမို့ အခုမှ ဖုန်းခေါ်လာတာကြောင့် အံသြ သွားရသည်။

ဝတီ ထံ video call ခေါ်လာတာကြောင့်
ဘာမှမစဉ်းစားနေတော့ပဲ ကိုင့် လိုက်တော့ ဖုန်း မျက်နှာ ပြင်မှာ ထိုင်း က
သူငယ်ချင်း ရဲ့ မိတ်ကပ်တ၀င်းဝင်း နဲ့
လှနေတဲ့ မျက်နှာက ပေါ်လာ၏။

  " ဟေး ..၀တီ ..."

" ဟိုင်း .နူးအာ.."

" မတွေ့တာကြာပြီး .."

" ဟုတ်တယ် နေ့ကောင်းရဲ့လား ."

"ကောင်းတယ် ၀တီရော့ ဘယ်ရောက်နေလဲ .."

  "မြန်မာပြည် ပြန်ရောက် လာပြီးလေ .."

   " ၀တီ ကို ကြည့်ရတာ ၀ လာသလို့ပဲ.."

  " မဟုတ်ဘူး ..၀တီ အိမ်ထောင်ကျသွားပြီး လေ အခု ကိုယ်ဝန် နဲ့ ၆ လထဲ ၀င်နေပြီး.."

"ဝိုး ဟုတ်လား .."

  "အင်း ."

နူးအာ က အံသြ သွားသလို့ ပြန်မေးရင်း
ဖုန်း ကို တစ်ယောက် ယောက်ဆွဲလု
လိုက်သလို့ ဖုန်းမျက်နှာပေါ် တွေ့လိုက်ရတဲ့ လူကြောင့် ၀တီ မျက်စိ မျက်နှာပျက်သွား၏။

  " အချစ် .."

" ငါ အိမ်ထောင်ကျသွားပြီး ..
နင်နဲ့ ငါ ဘာမှမပတ်သက်တော့ဘူး
ထပ်ပြီး လာမဆက်သွယ်နဲ့ .."

" အချစ် ငါတို့ နှစ်ယောက်က လွယ်လွယ် အဆုံးသတ် လို့ မရဘူး လေ ..အချစ်နဲ့ ငါက .."

" ဒေါက် ဒေါက် ."

အပြင်က တံခါးခေါက်သံကြောင့်
ဝတီ လန့်သွားသလို့ ဖုန်းကို ချက်ချင်း
ချပစ်လိုက်သည်။

 မောင်သည် သာ မေအရာရာWhere stories live. Discover now