အပိုင်( ..16)

1K 20 0
                                    

🌓မောင်သည်သာ မေအရာရာ 🌔

     အပိုင်း...16

.......!..........,

အံဥဿထူး တို့ စီးလာတဲ့ ကား
မော်လမြိုင့် သံဖြူဇရပ်က ထမင်းဆိုင်မှာ တစ်ညအိပ် လိုက်ပြီး မနက်၄နာရီထိုးတာနဲ့ ခရီး ပြန်ဆက်သည်။

တနင်္သာရီတိုင်း မလွှဲတောင် ကို ရောက်တေ့ာ ၁၀နာရီ ထိုး တေ့ာမည်။

မှတ်ပုံတင့် နဲ့ ခရီးဆောင်အိတ်ကို
စစ်ဆေးတာခံယူပြီး ခရီး ပြန်ဆက်၏။

ကားပေါ် မှာ ငြိမ်သက်စွာ လိုက်ပါလာရင်း ခရီးလမ်းတစ်လျှောက်က
မြင်ကွင်း တွေ ကို မျက်၀န်းသေ နဲ့
လိုက်ကြည့် နေ၏။

ဘ၀သစ်တစ်ခု ကို အခြေစ ရမည့် ဖြစ်ပြီး သူများ နိုင့်ငံ မို့ စိတ်လှုပ်ရှား နေသော်လဲ ထောင့်ကျကျ ပြားကျကျ
နေတတ်ဖို့ သူစိတ်ဆုံးဖြတ် ထား၏။

သူတို့ကား ထား၀ယ်မြို့ထဲ ဖြတ်ပြီး
မင်းဒပ် ထမင်းဆိုင်ကြီး မှာ ကားရပ်ကာ
ထမင်းစား နား ကြ၏။

သူတို့ အပေါ့အပါး အရင်သွားပြီး
ထမင်းစားချင်စိတ်မရှိတာကြောင့်
အအေးတစ်ဘူး မှာသောက်ကာ
ပေါင်မုန့်တစ်လုံး နဲ့ ၀မ်းငြိမ်း စေသည်။

ဦးကောင်းဇော် က သူ့ကို ခရီးစရိတ်နဲ့
လို့အပ်တာ သုံးဖို့ ဆိုပြီး သိန်းသုံးဆယ်
ထုတ်ချေး ပေးသလို့ သူအမေနဲ့ညီမ အတွက်လဲ ဝိုင်း၀န်းကြည့်ရှုပေးမှာမို့
စိတ်မပူဖို့ တဖွဖွ မှာသည်။

သူ ဟိုရောက်လို့ အလုပ်အကိုင့်
အခြေတကျ ဖြစ်ပြီး ဆိုတာနဲ့ အကိုက်
၀တီ လဲ ဘန်ကောက် မှာ ကျောင်း လာတက်မည့် ဖြစ်သည်။

၀တီ တို့သားအဖ က သူ့အပေါ် ကောင်းလွန်းတာကြောင့် ၀တီအပေါ် ရိုင်းရိုင်းပျပျ ပြောဆိုဆက်ဆံ ခဲ့တာတွေ အတွက်
အားနာ မျက်နှာပူသော်လဲ ၀တီက သူငယ်ချင်းကောင်းပီသစွာ နားလည်ခွင့်လွှတ်ပေး သည်။

  "ခရီးသည် တွေ ကားပေါ်ပြန်တက်ကြတေ့ာ လူစုံရင်ထွက်မယ် ဟေး .."

ကားစပယ်ယာ အော်သံကြားတေ့ာ
ပိုက်ဆံရှင်းပြီး ကားပေါ် ပြန်တက်ကာ
သူ့ ထိုင့်ခုံ မှာ ၀င်ထိုင်၏။

 မောင်သည် သာ မေအရာရာWhere stories live. Discover now