Part.32

791 5 0
                                    

🌑မောင်သည်သာ မေအရာရာ🌑

    ဇာတ်သိမ်း....

.(ပထမပိုင်း)

"ဒီ နှစ်ထဲ မင်းတော်တော့ ကြိုးစားခဲ့ပုံပဲနော် .."

ခြံကျယ်ကြီး နဲ့ နှစ်ထပ်တိုက်အိမ် ကို
တစ်ချက်ပတ်လည် ဝေ့ကြည့်ပြီး
ပြောလာသည့် ဒေါ်ထိပ်ထားစံ ကြောင့်
လူငယ်တစ်ယောက်ရဲ့ မာန နဲ့ သူခေါင်းညိတ်လိုက်ကာ...!

  " အန်တီ ရဲ့ ကျေးဇူး ကြောင့် ပြောရမယ် ..အန်တီ နှိမ့်ချ အထင့်သေးမူတွေကြောင့် ကျနော် ဘ၀ ကို ဒီအခြေနေထိ ပြောင်းလဲ နိုင့်သွားတာ ..."

   " ဟုတ်ပါပြီး ...အန်တီ က မင်း နဲ့ သမီး ကြား ၀င်ခွဲခဲ့လို့ မင်း အခုထိ ကျေနပ် သေးပုံ မရဘူးပဲ ..."

" သမီး ကို သမီးမှန်းမသိ ၊ အဖေ ကို
အဖေ မှန်း မသိ ၊ မေ တစ်ယောက်တည်း
ခက်ခက်ခဲခဲ ရှင်သန်ရတဲ့ အခြေနေထိ ရောက်အောင် လုပ်ခဲ့တဲ့ အန်တီ ကို
မေ အမေ ဖြစ်နေပေမဲ့ ကျနော် လုံးဝ မကျေနပ်သေးပါဘူး .."

  " မင်း အန်တီ ကို မကျေနပ် ဘူး ဆိုရင် တောင့် မင်း ကို မင်း ပိုပြီး အပြစ်တင့်
သင့်တယ် မောင်ဥဿ .."

" အန်တီရဲ့ ရွှေ လို့ ဥ ထားတဲ့ သမီးက
မင်း ကို ချစ်လို့ အရာအားလုံးစွန့်လွှတ်ပေး ခဲ့တယ် ....
နောက်ဆုံးတော့ သူ ချစ်ရတဲ့ လူ ဆီက
မယုံကြည်မှု နဲ့ စွန့်ပစ်ချင်း ကို ခံရတာပဲ မလား.."

" ဒါက ကျနော် ကို အကောက်ချပြီး
ထောင် ကျ အောင် အန်တီ လုပ်ခဲ့လို့
မေ ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီး ကျနော်နဲ့ ကွာရှင်း ခဲ့တာ ..ကျနော်  မေ ကို မယုံကြည် လို့ မှားတယ် ဆိုရင်တောင်..."

  " ကွေ့ပတ်မနေပါနဲ့ မောင်အံဥဿထူး ..
မင်းကို ထောင်ကျ အောင် အကောက်ကြံခဲ့တာ ငါတစ်ယောက်တည်း မဟုတ်ဘူး ...မင်း ရဲ့ သွားလေသူ ယောက္ခထီး  နဲ့ မင်းဇနီး ကို
အပြစ်တင့်လိုက် .."

" ငါ သမီးလောက် မင်း အပေါ် ချစ်ပေးပြီး သစ္စာရှိတဲ့ သူ နောက်ထပ်တစ်ယောက် ဒီကမ္ဘာ မှာ မင်း ရှာလို့ မတွေ့ဘူး ..."

သူ့ ဒေါ်ထိပ်ထားစံ စကားကြောင့်
ခေါင်းရှုပ်သွားရသည်။

ဒေါ်ထိပ်ထားစံ ကို မျက်ခုံးတွန့်ချိုး လျက် ခပ်စူးစူးစိုက်ကြည့်ပြီး ..."

 မောင်သည် သာ မေအရာရာWhere stories live. Discover now