Suicide

43 4 0
                                    

Suicide

"ဒါဘာလုပ်တာလဲ ကလေး"

သူမကကျွန်မရဲ့လက်ကောက်ဝတ်ပေါ်တင်ထားတဲ့ဓါးကိုအသဲအသန်ဆွဲယူလိုက်တယ်။ပြီးတော့ကျွန်မရဲ့ခန္ဓာကိုယ်ကိုကိုင်လှုပ်ရင်း စိုးရိမ်တကြီးစကားဆိုလေရဲ့။

"ဒါဘာလုပ်တာလဲ ကလေး......ဟမ်......ကိုယ်မေးတာဖြေစမ်း"

"လက်ကိုဓါးနဲ့လှီးမလို့လေ Honey"

"မင်းကွာ......ဘာလို့ဒီလောက်အထိရက်စက်တဲ့အတွေးတွေကို ဘယ်လိုတွေးရက်နိုင်ရတာလဲ။မင်းမရှိရင်ကိုယ့်ဘဝ ဘယ်လောက်ခက်ခဲသွားမလဲဆိုတာမတွေးမိဘူးလား"

အဲ့ဒီကောင်မလေးကကျွန်မကိုစိုးရိမ်တကြီးကြည့်ရင်း စကားတွေဆက်တိုက်ပြောနေခဲ့တယ်။သူမကိုကြည့်ရင်းကျွန်မ မျက်ရည်ကျလာမိတာ။

"မငိုရဘူးလေ ကလေး။ဘာလို့ဒီလိုမဟုတ်တာတွေလုပ်နေရတာလဲ။ဘာဖြစ်လို့လဲ။ကိုယ်‌မေးနေတာမြန်မြန်‌ဖြေစမ်းပါ"

သူမကို ဘာစကားမှမပြောနိုင်ပဲ ကျွန်မငိုကြွေးမိတယ်။နာနာကျင်ကျင်ငိုကြွေးမိတာ။ကျွန်မကိုသူမရက်ရက်စက်စက်ဆက်ဆံခဲ့တာလေ။အဲ့ဒါတွေမပြောချင်ဘူး။ကျွန်မရဲ့နှုတ်ခမ်းက အဲ့ဒီစကားလုံးတွေပြောမထွက်ဘူးလေ။

"မေးနေတာကိုဘာလို့မဖြေတာလဲ ကလေး"

"ကျွန်မ မရှိတော့ရင်......."

"ကျစ်.....မင်း.....မင်း....ကိုယ့်ဒေါသကိုဆွနေတာပဲ"

သူမကဒေါသတကြီးအော်ဟစ်ရင်း‌'တောက်'တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်တယ်။သူမရဲ့ဒေါသတွေကိုကျွန်မသိပ်ကြောက်တာ။

သူမကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းနံရံကိုလက်သီးနဲ့ထိုးလိုက်တယ်။အဲ့ဒီအခိုက်အတန့်မှာ ကျွန်မဘာမှမတွေးနိုင်ခဲ့ဘူး။ကျွန်မခေါင်းထဲမှသူမရဲ့လက်ကလေးမထိခိုက်စေဖို့ပဲစဉ်းစားနိုင်ခဲ့တာ။

နံရံမှာကျွန်မရဲ့လက်ကလေးကိုခံပေးရင်းသူမလက်ကိုတားဆီးလိုက်တယ်။သူမရဲ့မျက်ဝန်းတွေကထိတ်လန့်သွားခြင်းနဲ့အတူ သူမရဲ့လုပ်ရပ်ကိုရပ်တန်ဖို့ကြိုးစားလိုက်လေရဲ့။ဒါပေမယ့်လည်းသူမရဲ့ဒေါသတွေကြောင့်ပြင်းထန်တဲ့အရှိန်နဲ့လာတဲ့သူမရဲ့လက်ကလေးက ကျွန်မရဲ့လက်ဖဝါးကိုထိတွေ့ခြင်းမှာအဆုံးသတ်သွားတယ်။

To My GirlfriendWhere stories live. Discover now