Intro

2.6K 194 4
                                    

ပိုင်လန်က ဒီဘဝမှာ အတက်အကျအနိမ့်အမြင့်တွေနဲ့ ဘဝကို ဖြတ်သန်းနေရတဲ့ ရုပ်ရှင်မင်းသားတစ်ဦး။ ဒါပေမယ့် ပုံအောပြီး ချစ်ခဲ့ရတဲ့ အတူနေချစ်သူကလည်း ခြေစုံကန်ပြီး ထွက်သွားပြီ။ နှစ်ပေါင်းများစွာ နွားလိုရုန်းပြီး ထောက်ပံ့ပေးခဲ့တဲ့ မိသားစုတွေကလည်း သူ့ကို လှည့်မကြည့်ကြတော့ဘူး။ ပရိသတ်တွေဆီကလည်း အဆက်မပြတ် တိုက်ခိုက်မှုတွေ ခံနေရတယ်။ ဆက်လက်တင်းမခံနိုင်တော့တဲ့ နောက်ဆုံးမှာတော့ နှလုံးရောဂါဖောက်ပြီး လောကကြီးထဲက ထွက်သွားခဲ့တယ်။

ဘယ်သူမှမရှိခဲ့တဲ့ သူ့ရဲ့ ဇာပနမှာ အနက်ရောင်ထီးကလေးတစ်ချောင်းသာ ရှိခဲ့တယ်။ ထီးကလေးပိုင်ရှင်က ဘယ်သူလဲ။ သူတသက်လုံး ရန်သူကြီးလို ဆက်ဆံခဲ့တဲ့ သူ့ရဲ့သူဋ္ဌေးချိုးချန်ပဲ။

ပြန်လည်မွေးဖွားပြီးတဲ့အခါ...

'..သူ့ရဲ့ဘာမှအသုံးမဝင်တဲ့ဒီခန္ဓာကိုယ်... သူ့သူဌေးလိုချင်တယ်ဆိုရင်လည်း ယူပါစေ...'

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now