(31) ငယ်သူငယ်ချင်းများ

1.1K 185 8
                                    

(31) ငယ်သူငယ်ချင်းများ

ချိုးချန်ရဲ့မွေးနေ့ပါတီကို တကယ့်မွေးနေ့မွေးရက်မှာ မကျင်းပခဲ့ပါဘူး။ အဲဒိအစား စုချွမ်က အများစုအားလပ်မယ့်ရက်တစ်ရက်ကို ရွေးလိုက်တယ်။ ရည်ရွယ်ချက်ကတော့ သူငယ်ချင်းတွေအကုန်လုံးဆုံလို့ရအောင်လို့တဲ့။

ဒါကြောင့်ပဲ ချိုးချန်က စုချွမ်ရဲ့ဖိတ်ကြားချက်အကြောင်း သူ့ကိုပြောပြချိန်မှာ လာမယ့်လူတွေရဲ့အကြောင်းကိုလည်း အကျဉ်းချုပ်ရှင်းပြတယ်။ သူတို့သူငယ်ချင်းတွေအကုန်လုံးက ငယ်ရွယ်စဉ်မှာ ဘဝတက်လမ်းကိုရှာဖွေဖို့ ရှင်းသောင်းကထွက်လာကြသူတွေဖြစ်တယ်။ သူငယ်ချင်းတွေက စုချွမ်နဲ့သူအပါအဝင် နောက်ထပ်နှစ်ယောက်ထပ်ပေါင်းပြီး စုစုပေါင်း လေးယောက်ရှိတယ်။ ဒီလေးယောက်က နှစ်တိုင်းနှစ်တိုင်းမှာ သုံးလေးကြိမ်လောက်တွေ့ဆုံကြပြီး အရင်တွေ့ချင်တဲ့လူက ဆုံကြဖို့ ပွဲစီစဉ်ရလေတယ်။ ဒီတစ်ကြိမ် စုချွမ်လုပ်သလိုမျိုးပေါ့။

တိုက်ဆိုင်တာလားမသိပေမယ့် ပိုင်လန်အတွက်တော့ အဲဒိနေ့မှာ ဖန်မီတင်းရှိတယ်ဆိုတာသတိရဖို့ အစီအစဉ်ဇယားပြန်လှန်နေစရာတောင် မလိုပါဘူး။ ပရိသတ်တွေ့ဆုံပွဲက ညနေပိုင်း ၃-၄ နာရီလောက်မှာ ကျင်းပမှာ။ ဒါကြောင့် ပိုင်လန်က သူများသူငယ်ချင်းဟောင်းတွေတွေ့ဆုံနေတဲ့ကြားထဲ ကန့်လန့်ကန့်လန့်ဝင်ပါစရာမလိုဘူးလို့တွေးတယ်။ အခုချိန်မှာ သူ့အတွက် အလုပ်ကပိုအရေးကြီးတာလေ။

ဒါပေမယ့် ချိုးချန်က မရမကကို တောင်းဆိုနေခဲ့မယ်လို့ မထင်လိုက်မိဘူး "ကိုယ်တို့တွေ အတူသွားမယ်၊ စုချွမ်ကို နေ့ပြောင်းဖို့ပြောလိုက်မယ်"

ပိုင်လန်က နည်းနည်းတော့အံ့သြသွားတယ်။ ပြီးတော့ အတည်ပေါက်ပြောနေတဲ့ ချိုးချန်ရဲ့မျက်နှာကိုမြင်ပြီး အရင်ဘဝက ချိုးချန်အတိတ်တွေကို ပြန်သတိရမိတယ်။ စိတ်ထဲသံသယဝင်သွားတာကြောင့် ပိုင်လန်က မနေနိုင်ဘဲထုတ်မေးလိုက်လေတယ် "မသွားလို့မကောင်းဘူးဆိုတာ စုချွမ်ဖိတ်တာမို့လို့လား?"

ချိုးချန်က ခပ်ကြိတ်ကြိတ်ရယ်လိုက်လေရဲ့။ သူ့ကြည့်ရတာ အပျော်လှိုင်းဖြတ်နေပုံရတယ် "ဟား ဟား ဟား ကောင်းတယ်ဟေ့၊ နောက်ဆုံးတော့မင်းလည်း ဘယ်လိုသဝန်တိုရမလဲသိသွားပြီပေါ့" ပြီးနောက်မှာတော့ သူက ပိုင်လန့်ကို ဆုချသင့်တယ်ဆိုပြီး ပြင်းပြင်းပြပြအနမ်းလေးပေးလိုက်ပါတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now