Explanation

5K 194 13
                                    

Explanation

ကဲကဲ Ro ချင်သူများအတွက် ဘာသာပြန်ပေးလိုက်ပါပြီနော်...

ဒီဟာကို ဘာလို့ပြန်သလဲမေးရင် ကြိုက်လွန်းလို့ ပြန်တယ်ပေါ့နော်။ စစဖတ်ချင်းမှာပဲ လက်ကမလွှတ်စတမ်း ဈာန်ဝင်မိသွားပြီး နေ့မအိပ်နိုင် ညမအိပ်နိုင် ပြီးတဲ့အထိ တောက်လျှောက် ဖတ်ဖြစ်သွားတယ်။ ယုန်ဖြူလေးနဲ့ Big Boss တို့ရဲ့ Charm ကနေ ရုန်းမထွက်နိုင် ဖြစ်သွားတယ်ပေါ့လေ။

ဒီအထဲမှာ နာမည်တွေအများကြီးပါပြီး ကိုယ်ကလည်း တတ်သလိုမှတ်သလို လျှောက်ရေးထားလိမ့်မယ်။ ဒါပေမယ့် မမှတ်မိလည်း အရေးမကြီးပါဘူး။ Gong နဲ့ Shou ပဲ မှတ်မိရင် ရပြီလေ နော့။ Big Boss ချိုးချန် နဲ့ ယုန်ဖြူလေး ပိုင်လန်လို့ မှတ်ထားရင် ရပြီ။

ဒါလေးဆီမှာနစ်မြောသွားရတဲ့ နောက်ထပ်အကြောင်းအရင်းကလည်း Big Boss ရဲ့ ယုန်ဖြူလေးအပေါ်ထားတဲ့ အချစ်ကြောင့်ပဲ။ ဖတ်ဖူးသမျှ Translation တွေထဲမယ် အချစ်တတ်ဆုံး Gong ပဲ။ ( မှတ်ချက်... ယွင်ရှန့်၏ဒယ်ဒယ် ကျောက်ရွှမ်မှလွဲ၍) ။ အချစ်ကလေး ဘာလိုချင်လဲ ဘာဖြစ်ချင်လဲ မျက်နှာတစ်ချက် အညှိုးမခံ အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးသူ Big Boss ကြီးပဲ။ ဖတ်ရင်းဖတ်ရင်း FA လေးတွေ အားကျလာနိုင်သလို၊ RS တွေလည်း ကိုယ့်ချစ်သူကို အားမလိုအားမရ ဖြစ်လာနိုင်ပါတယ်။ (မှတ်ချက်... သတိပေးပြီးပြီနော်၊ နောက်မှ Big Boss ကြီးလိုမျိုး တစ်ယောက်လောက်ရှာပေးပါလို့ လာမပြောကြနဲ့၊ ကိုယ်ကတော့ 'မာမီရယ်ရှာပေးကွယ် Big Boss လိုချင်တယ်' လို့တောင် သီချင်းအော်ဆိုလိုက်ချင်တာ...)

နောက်ထပ်ပြောရမယ်ဆိုရင် ဒါလေးက QWFOD ရဲ့ Arc 4 ကို အကျယ်ချဲ့ရေးထားသလို ခံစားရတယ်။ စတားလေးနဲ့ သူ့နောက်ကွယ်က ထောက်ပံ့မယ့် ဒယ်ဒီကြီးပေါ့လေ။ ဒါပေမယ့် ဒါက သကြားဖေဖေနဲ့ သကြားသားသားလေး ဇာတ်လမ်းတစ်ခုထက် ပိုပါတယ်။ MC ယုန်ဖြူလေး ပိုင်လန်က Movie Star ဆိုတော့ ရုပ်ရှင်တွေအကြောင်း အသေးစိတ်ပါမယ်။ ကန့်လန့်ကာနောက်ကွယ်က ဇာတ်လမ်းတွေ၊ စပွန်ဆာ အကြောင်းတွေ၊ တိုက်ခိုက်တာတွေ၊ ခြေထိုးခံတာတွေ၊ နောက်ကျောဓားထိုးတာတွေ အစုံကို အသေးစိတ်ရေးထားတယ်။ ကိုယ်ကလည်း အနီးစပ်ဆုံးတူအောင် အာဘော်မပျက်အောင်တော့ ပြန်ပေးထားပါတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now