(22) နေလောင်ခံလိမ်းအဆီ

1.5K 219 3
                                    

(22) နေလောင်ခံလိမ်းအဆီ

စိန်စီထားတဲ့လက်ပတ်နာရီလေးက ပိုင်လန်ရဲ့လက်ကောက်ဝတ်မှာ ပြန်ရောက်လာခဲ့တယ်။

ဆက်သွယ်မရဖြစ်နေတဲ့ပိုင်လန့်ကို ချိုးချန်တစ်ယောက် တအားကြီးစိတ်ဆိုးနေတာလေ။ အကြောင်းရင်းကိုမေးတော့လည်း ယောင်ဝါးဝါးအဖြေတွေချည်းပဲလာတာကြောင့် ချိုးချန်က ဒေါသတွေထွက်ပြီးရင်းထွက်လာတာဆိုတာ... ပိုင်လန့်ကို အပြစ်ပေးဖို့လိုပြီလို့ တွေးလိုက်တဲ့အထိပဲ။ ချိုးရှောင်ဟိုင် အိမ်ကထွက်ပြေးတုန်းကလိုပေါ့။

ဒါကြောင့် အားလပ်ရက်တွေလည်း ကုန်ဆုံးဖို့ တစ်ပတ်ကျော်လောက်လိုသေးတဲ့အချိန်မှာ ချိုးချန်က ပိုင်လန့်ကို အထုတ်ပြင်ဖို့ အမိန့်ပေးလိုက်ရင်း အဲဒိနေ့လည်ခင်းမှာပဲ အတူထွက်လာခဲ့ကြတယ်။

ပိုင်လန်ကလည်း ပြောသမျှစကားနားထောင်ပါတယ်။ ရိုးရိုးရှင်းရှင်းအိတ်ကလေးတစ်လုံး ကောက်ထည့်လိုက်တယ်။ ဒါပေမယ့် သွားခါနီးအချိန်မှာတော့ သူက ဖုန်းကိုကောက်ကိုင်လိုက်ရင်း မနေနိုင်လွန်းလို့ မေးလိုက်ရတယ် "ကျွန်တော်တို့ ဘယ်သွားကြမှာလဲ"

ချိုးချန်က ပိုင်လန့်ဖုန်းကို အေးစက်စက်တစ်ချက်လှမ်းကြည့်တယ် "အော်.. ဖုန်းသုံးရမယ်မှန်း သိသေးတယ်ပေါ့၊ ဒါပေမယ့် ဆောရီးပဲ ကိုယ်တို့သွားမယ့်နေရာမှာ လိုင်းမိမှာမဟုတ်ဘူး"

"......" ပိုင်လန်က ပြောစရာစကားကင်းမဲ့သွားတယ်။ ဒါကြီးက တမင်သက်သက်လက်စားချေနေတာ မဟုတ်ဘူးလား။ "နှစ်သစ်ကူးပြီးငါးရက်နေရင် အစ်မဖန်းက ကျွန်တော့်ကိုဖုန်းဆက်လိမ့်မယ်"

"လက်ထောက်ခန့်ထားတာ ဘာလုပ်ဖို့ခန့်ထားတာလဲ? သူ မင်းကိုဆက်မရရင် အာ့ဟုန်ကို ဆက်မှာပေါ့ကွ" ချိုးချန်က သူ့သားရဲ့အဝတ်အိတ်လေးလေးကြီးသယ်ရင်း လောဆော်လိုက်တယ် "သွားကြစို့"

ဘေးနားက ချိုးရှောင်ဟိုင်တစ်ယောက် ပျော်လွန်းလို့ အထက်အောက်ခုန်ပေါက်နေတာပေါ့။ သူက ပိုင်လန့်လက်ကိုလာဆွဲတယ် "အားပိုင် သွားကြမယ်၊ သားတို့အတူတူဆော့လို့ရပြီ!"

သူတို့နှစ်ယောက်လျှောက်လာရင်း ရှေ့ကလျှောက်သွားတဲ့ချိုးချန်ကို တစ်ချက်ကြည့်ရင်းမှ ပိုင်လန်က လေသံတိုးတိုးလေးနဲ့ကပ်မေးလိုက်ရတယ် "ဒို့တွေဘယ်သွားကြမှာလဲ သိလား?"

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now