(25) ဟုန်ယွိ (Part 2)

1.1K 216 8
                                    

Unicode

(25) ဟုန်ယွိ (Part 2)

ကိုယ်တိုင်ကားမောင်းရတာကြိုက်တဲ့ချိုးချန်က ဒီညမှာအရက်သောက်ထားတာကြောင့် ရွေးချယ်စရာမရှိ ရှောင်လီကို အပို့အကြိုလုပ်ခိုင်းရတယ်။ သူတို့ကားကလည်း ဒီလိုအခြေအနေမျိုးအတွက် သိပ်ကိုအသုံးဝင်လှတယ်လေ။ ဒါက ချိုးချန်စီးနေကြ လန်းရိုဗာ မဟုတ်ဘူး၊ အနက်ရောင်လင်မိုဆင်း ကားရှည်ရှည်ကြီးပါ။ သဘောက ဒရိုင်ဘာနဲ့ သူတို့ထိုင်နေတဲ့နောက်ခန်းကြားထဲမှာ နံရံခြားထားတယ်ဆိုတာပဲ။

"မျက်နှာက ဘာဖြစ်နေတာလဲ?" ချိုးချန်က ပိုင်လန့်ကို ဆွဲဖက်ရင်း ပုခုံးတွေကိုနှိပ်ပေးနေတယ် "သိချင်တာရှိပေမယ့်လည်း ထုတ်မမေးဘူး၊ ရင်ထဲသိမ်းထားနေရတာ အရမ်းကိုပျော်စရာကောင်းလား?"

ပိုင်လန်က ချိုးချန်ကို မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်၊ ပြီးတော့မှ ကိုယ်ခန္ဓာကိုဖြေလျော့လိုက်ပြီး ချိုးချန်ကိုမှီထားရင်း မေးပါတယ် "စုချွမ်နဲ့ဟုန်ယွိတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးမျိုးရှိတာလဲ?"

"မင်းမေးချင်တာဒါလား?" ချိုးချန်က ခပ်ဖွဖွရယ်တယ် "မင်းမျက်မြင်ကိုယ်တွေ့ပဲ မဟုတ်ဘူးလား"

ပိုင်လန် ပြောစရာစကားတွေ ကင်းမဲ့သွားတာပေါ့။ ကြိုတင်ခန့်မှန်းမိပေမယ့်လည်း နားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့အခါမှာလည်း လန့်ဖြန့်သွားခဲ့ရတယ်။ စုချွမ်ရဲ့ရုပ်ရည်၊ အရည်အချင်းတွေနဲ့တောင်မှ နောက်ကွယ်ကထောက်ပံ့မယ့် စပွန်ဆာလိုသေးတယ်တဲ့လား။ စုချွမ်ရဲ့ဒီအကြောင်းတွေကို အရင်ဘဝတုန်းက နည်းနည်းမှတောင် မကြားဖူးဘူး။ ပြီးတော့ ဟုန်ယွိရဲ့အရှိန်အဝါနဲ့နောက်ခံဘက်ဂရောင်း.. ဒါတွေက မဖြစ်နိုင်ဘူးလို့ထင်ရလောက်တဲ့အထိပဲ။ ဒါပေမယ့်လည်း အခုတော့....

"ခုဏက ဟုန်ယွိပုံစံကြည့်ရတာတော့ အဲ့လိုမထင်ရဘူး"

ချိုးချန်က ပိုင်လန်ရဲ့ခေါင်းနောက်ပိုင်းကို ထိန်းကိုင်ထားပြီး မျက်နှာငုံ့ကာ အနမ်းပေးနေတယ် "အရင် မင်းကိုယ့်ဆီလာပြီး အပေးအယူလာလုပ်တဲ့အချိန်တုန်းက နောက်ဆယ်နှစ်နေရင် ဘာဖြစ်နေလိမ့်မလဲလို့ တွေးခဲ့မိဖူးလား?"

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now