(21) တရုတ်နံနံကင်းမွန်ဟင်း (Part 1)

1.2K 175 2
                                    

(21) တရုတ်နံနံကင်းမွန်ဟင်း (Part 1)

တစ်ပတ်အကြာမှာတော့ 'ရွှေနှင့်ကျောက်စိမ်းတို့အလွန်' ရဲ့ ဖွင့်ပွဲအခမ်းအနားကို ရောက်လာတယ်။

အခမ်းအနားမှာ ကံကောင်းခြင်းအဖြာဖြာအတွက် မိုးနတ်မင်းကြီးကို ကန်တော့ဆုတောင်းရုံသာမကဘူး၊ ရုပ်ရှင်ရဲ့အခြေခံအချက်အလက် အကြောင်းအရာတွေကို မီဒီယာမှာမိတ်ဆက်ဖို့လည်း ရည်ရွယ်တယ်။ ... ဇာတ်ကောင်တွေကိုမိတ်ဆက်ပေးမယ်.. အသွင်အပြင်ဒီဇိုင်းတွေကို ချပြမယ်.. ဒါမျိုးတွေပေါ့။

ဒါကြောင့် ဒီနေ့မှာ ပိုင်လန်က ဇာတ်လိုက်မင်းသား 'လီချွမ်ချင်' ရဲ့ပုံစံအတိုင်းဝတ်စားပြီး ပွဲတက်လာတယ်။ ဒီပွဲမှာလည်း အရေးကြီးတဲ့ဇာတ်ကောင်တွေအားလုံးက ရုပ်ရှင်ထဲကသူတို့ပုံစံအတိုင်း ဝတ်ထားကြတာပေါ့။ ကျူခွန်းဘာလုပ်ချင်မှန်း ပိုင်လန်နားလည်ပါတယ်။

ရုပ်ရှင်တစ်ခုက မင်းသားမင်းသမီးနာမည်တွေနဲ့ မဆွဲဆောင်နိုင်ဘူးဆိုရင် အခြားနည်းလမ်းတွေနဲ့ အရောင်းမြှင့်တင်ရမှာပဲလေ။ နှစ်မျိုးမရှိနိုင်တဲ့ ဇာတ်လမ်းနောက်ခံကျောရိုးတို့၊ အထူးပြုလုပ်ချက်တို့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ရိုက်ချက်တို့ စတာတွေနဲ့ပေါ့။ ပြီးတော့ ပရိသတ်တွေကလည်း သရုပ်ဆောင်တွေကို မသိပေမယ့် အဝတ်အစားဒီဇိုင်းတို့၊ ဆက်တင်အပြင်အဆင်တို့၊ ရှုခင်းရှုကွက်တို့ စတာတွေကို မှတ်မှတ်ထင်ထင်ရှိနေတဲ့ ရုပ်ရှင်တွေလည်း ရှိတာကြောင့် ဒီလိုအခြေအနေမှာ သရုပ်ဆောင်တွေသာ အရည်အချင်းရှိကြည့် ရုပ်ရှင်က အောင်မြင်ပြီလို့ ဆိုနိုင်တယ်။

ရွှေရုပ်ရှင်ကို အကျဉ်းချုပ်ဖော်ပြရမယ်ဆိုရင် ခက်ခဲတဲ့ဘဝပေးအခြေအနေတွေထဲကို မထင်မှတ်ပဲကျရောက်သွားပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်ကျော်ရတဲ့ မင်းသားလေးတစ်ပါးလိုလူတစ်ယောက်ရဲ့ အကြောင်းပါ။ နောက်ပြီး အပ်ချုပ်သည်တစ်ယောက်ရဲ့ဘဝဆိုရင်လည်း မမှားဘူး။ ဒီရုပ်ရှင်ကို ဖျော်ဖြေမှုလို့ခေါင်းစဉ်တပ်မယ်ဆိုရင် ဒီအကြောင်းအရာတွေနဲ့ပဲ ဒရမ်မာချိုးဖို့လုံလောက်နေပြီ။ ဒါပေမယ့်လည်း ကြည့်ရှုသူပရိသတ်တွေအတွက် မျက်စိပသာဒပါဖြစ်အောင် ကျူခွန်းက အထက်ပါနည်းလမ်းတွေကိုလည်း ရွေးခဲ့တာ။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now